DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဗဟိုဘဏ်က ထိုင်းဘတ်ငွေများ ဆက်တိုက်ထုတ်ရောင်းနေ
DVB
·
May 27, 2025
စစ်ကောင်စီဗဟိုဘဏ်က ထိုင်းဘတ်ငွေများ ဆက်တိုက်ထုတ်ရောင်းနေ
Donate to DVB

ထိုင်းဘတ်ငွေ တဘတ်ကို မြန်မာငွေ ၁၃၂ ကျပ်နှုန်းနဲ့ ထိုင်းဘတ် ၂ ဒသမ ၈ သန်းကျော်ကို စစ်ကောင်စီ ဗဟိုဘဏ်က မေ ၂၆ ရက်မှာ ထပ်မံထုတ်ရောင်းပေးခဲ့ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ဟာ သီတင်းတပတ်အတွင်းမှာ စုစုပေါင်း ထိုင်းဘတ်‌ငွေ ၁၄ ဒသမ ၆ သန်းကျော်ထိ ထုတ်ရောင်းထားတာပါ။

ဒါပေမဲ့ ဒေါ်လာရောင်းချမှု အနေနဲ့ကတော့ ပြီးခဲ့တဲ့ သီတင်းတပတ်အတွင်း ဒေါ်လာ ၁ သန်း နီးပါးသာ တွေ့ရပြီး တရုတ်ယွမ်‌ငွေ ရောင်းချပေးမှုကလည်း ၁ သန်းကျော်သာ ရှိပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ဟာ စက်သုံးဆီ အပါအဝင် အရေးကြီးကုန်စည်တွေ တင်သွင်းဖို့အတွက် ကုန်သည်တွေလိုအပ်တဲ့ နိုင်ငံခြားငွေတွေကို FX Market Online Trading Platform ကတဆင့် နှုန်းထားတခုနဲ့ ရောင်းချ‌ပေးနေတာပါ။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းကစပြီး ဗဟိုဘဏ်‌ရဲ့ ထိုင်းဘတ်ငွေဈေးနဲ့ တရုတ်ယွမ်ငွေ ရောင်းဈေး သတ်မှတ်ချက်ဟာ ဒေါ်လာဈေးနဲ့အပြိုင် တရိပ်ရိပ် မြင့်တက်လာခဲ့ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေဈေး သတ်မှတ်ချက်တွေကို တဖြည်းဖြည်း တိုးမြှင့်သတ်မှတ်လာခဲ့တာ ဖြစ်ပြီး မေ ၂၆ ရက်မှာ ဗဟိုဘဏ်က ရောင်းချပေးနေတဲ့ နိုင်ငံခြားငွေဈေးနှုန်းတွေကတော့ အမေရိကန် တဒေါ်လာကို ၃,၆၀၈ ကျပ်၊ ထိုင်းဘတ် တဘတ်ကို ၁၃၂ ကျပ်နဲ့ တရုတ်ယွမ် တယွမ်ကို ၅၄၆ ဒသမ ၆၀ ကျပ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလပိုင်းမှာ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေဈေး သတ်မှတ်ချက်‌တွေဟာ အမေရိကန် တဒေါ်လာကို ၃,၃၂၁ ကျပ်၊ ထိုင်းဘတ် တဘတ်ကို ၉၈ ကျပ်နဲ့ တရုတ်ယွမ် တယွမ်ကို ၄၇၆ ကျပ်သာ ရှိခဲ့ပါတယ်။

လက်ရှိ ဗဟိုဘဏ် ပြင်ပ နိုင်ငံခြားငွေဈေးကွက်အတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေလဲနှုန်းတွေကတော့ အမေရိကန် တဒေါ်လာကို ၄,၄၄၀ ကျပ်၊ ထိုင်းဘတ် တဘတ်ကို ၁၃၆ ဒသမ ၀၅ ကျပ်နဲ့ တရုတ်ယွမ် တယွမ်ကို ၆၁၈ ကျပ် ရှိ‌ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013