
မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကိုစီးတီးမှာ ကျောင်းဆရာတွေက မေ ၂၆ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
တောင်းဆိုချက်တွေ မရမချင်း မြို့လယ်မှာ ရက်တော်တော်ကြာအောင် သပိတ်စခန်းချခဲ့ကြတဲ့ ပြည်လုံးကျွတ်သပိတ်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။
CNTE ဆရာများသမဂ္ဂက အစိုးရနန်းတော်ရှေ့မှာရှိတဲ့ ဇိုကာလိုရင်ပြင်မှာ မေ ၁၅ ရက်က သပိတ်စခန်းချခဲ့တဲ့ ပြည်လုံးကျွတ်သပိတ်ကြီးရဲ့ တစိတ်တပိုင်းအဖြစ် တယ်လီဗီဇာ ရုပ်သံလွှင့်ဌာနလိုမျိုး မြို့တွင်းက အဓိကနေရာတွေမှာ ဆန္ဒပြခဲ့ကြတယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။
သူတို့ရဲ့ အငြိမ်းစားဘဝ အခြေအနေတွေကို ပိုမိုဆိုးရွားစေတဲ့ ၂၀၀၇ ခုနှစ် ဥပဒေကို ဖျက်သိမ်းဖို့ ဆရာ၊ ဆရာမတွေက တောင်းဆိုနေကြတာပါ။
၂၀၀၇ ခုနှစ် ဥပဒေအရ အမျိုးသားတွေအတွက် လုပ်သက် အနှစ် ၃၀ နဲ့ အမျိုးသမီးတွေအတွက် လုပ်သက် ၂၈ နှစ် ရှိသူတွေအတွက် အငြိမ်းစားယူတဲ့ အသက်ကို ၅၈ နှစ်ကနေ ၆၅ နှစ်အထိ တိုးမြှင့်ခဲ့လို့ ဥပဒေကို ရုပ်သိမ်းပေးဖို့ ဆရာတွေက တောင်းဆိုနေကြပါတယ်။
ဒါ့အပြင် လက်ရှိသမ္မတရဲ့ လက်ထောက်ဖြစ်တဲ့ အရင်သမ္မတ အန်ဒရေ မန်နျူယယ် လိုပက်ဇ် အိုဘရဒေါက ၂၀၁၉ ခုနှစ်မှာ အတည်ပြုထားတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကို ရုပ်သိမ်းဖို့ကိုလည်း တောင်းဆိုထားပါတယ်။
သမ္မတ ကလောက်ဒီယာ ရှိမ်းဘောင်းက ပြည်သူ့ဘဏ္ဍာငွေဟာ သူတို့ရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့ သူ့ရဲ့ မနက်ခင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
Source: Reuters