DVB Logo
Home
နိုင်ငံတကာ
ငြိမ်းချမ်းရေးလမ်းကြောင်း မရွေးချယ်ပါက ကျည်ဆန်အသင့်ပဲဟု ပါကစ္စတန်ကို အိန္ဒိယ သတိပေး
DVB
·
May 27, 2025
ငြိမ်းချမ်းရေးလမ်းကြောင်း မရွေးချယ်ပါက ကျည်ဆန်အသင့်ပဲဟု ပါကစ္စတန်ကို အိန္ဒိယ သတိပေး
Donate to DVB

အိမ်နီးချင်း ပါကစ္စတန်နိုင်ငံက ငြိမ်းချမ်းရေးလမ်းကြောင်းကို မရွေးချယ်ရင်တော့ ကျည်ဆန်က အဆင်သင့်ပဲလို့ အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒြာမိုဒီက ပါကစ္စတန်ကို မေ ၂၆ ရက်မှာ ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။

အနောက်ဂူဂျာရတ်ပြည်နယ်မှာ ကျင်းပနေတဲ့ အခမ်းအနားတခုမှာ မိန့်ခွန်းပြောကြားရင်း မိုဒီဟာ စစ်သွေးကြွတွေအတွက် သူ့အစိုးရရဲ့ လုံးဝသည်းမခံရေးမူဝါဒကို ထပ်လောင်း ပြောကြားခဲ့တာပါ။

“ပါကစ္စတန်နိုင်ငံကို အကြမ်းဖက်မှုရောဂါကနေ လွတ်မြောက်ဖို့ဆိုရင် ပြည်သူတွေက တက်တက်ကြွကြွ ရှိဖို့လိုပြီး လူငယ်တွေကလည်း ရှေ့ဆက်လှမ်းဖို့လိုတယ်။ အေးအေးဆေးဆေး နေပြီး ကိုယ့်ထမင်း ကိုယ်စားပါ၊ မဟုတ်ရင်တော့ ကျည်ဆန် ပြင်ထားပြီးသားပဲ” လို့ မိုဒီက ပြောသွားတာ ဖြစ်ပါတယ်။

အငြင်းပွား ဟိမဝန္တာနယ်မြေ ကက်ရှ်မီးယားမှာ ဧပြီ ၂၂ ရက်က စစ်သွေးကြွတွေ တိုက်ခိုက်မှုကြောင့် အိန္ဒိယခရီးသွား အများစု အပါအဝင် လူ ၂၆ ယောက် သေဆုံးခဲ့ပြီး မေလမှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား တိုက်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်ခဲ့ပါတယ်။

ဒေလီက အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကို အစ္စလာမ္မာဘတ်က ကျောထောက်နောက်ခံ ပြုထားတယ်လို့ အပြစ်တင်ခဲ့ပြီး အဲဒီစွပ်စွဲချက်ကို ပါကစ္စတန်က ငြင်းဆိုခဲ့ပါတယ်။

မေ ၁၀ ရက်မှာ အမေရိကန်က အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ကြောင်း ကြေညာပြီးနောက် တင်းမာမှုတွေ ပြေလျော့သွားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013