DVB Logo
Home
မြန်မာသတင်း
စမွတ်ပရကန်တွင် မြန်မာလုပ်သား လင်မယား စကားများ  ဓားထိုးမှုဖြစ်ပြီး  ယောကျ်ားသေဆုံး 
DVB
·
May 27, 2025
စမွတ်ပရကန်တွင် မြန်မာလုပ်သား လင်မယား စကားများ  ဓားထိုးမှုဖြစ်ပြီး  ယောကျ်ားသေဆုံး 
Donate to DVB

 

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်၊ စမွတ်ပရကန်မြို့မှာ မြန်မာအလုပ်သမား ဇနီးမောင်နှံ စကားများ ရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပြီး ခင်ပွန်းဖြစ်သူ သေဆုံးသွားကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

မေ ၂၆ ရက် မနက် ၁ နာရီကျော်က စမွတ်ပရကန်မြို့ ဆမ်လုံးနေရပ်ကွက် ဆုခိုဝစ် ၇၈ လမ်းထဲမှာ လူတယောက် ဓားထိုးဒဏ်ရာနဲ့ လဲကျနေကြောင်း အကြောင်းကြားချက်ရတဲ့အတွက် လူနာတင်ယာဉ်နဲ့အတူ သွား‌ရောက်စစ်ဆေးခဲ့တယ်။ လမ်းပေါ်မှာ လူရွယ်တယောက်  ထိုးသွင်းခံရတဲ့ ဒဏ်ရာတွေနဲ့ သွေးအိုင်ထဲ လဲနေလို့ ရှေးဦးသူနာပြုစုပြီး ဆေးရုံတင်ဖို့ ကြိုးစားပေမဲ့ မကြာခင်မှာပဲ သေဆုံးသွားခဲ့တယ်လို့ စမွတ်ပရကန်ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

ဓားထိုးခံရသူနဲ့ မလှမ်းမကမ်းမှာလည်း မိန်းကလေးတယောက် ထိတ်လန့်စွာ ငိုကြွေးပြီး ထိုင်နေလို့ စစ်ဆေးမေးမြန်းရာမှာ သူမမှာ အသက် ၂၅ နှစ်ရွယ် နန်းနန်း ဆိုသူဖြစ်ပြီး သေဆုံးသူမှာ သူမရဲ့ ခင်ပွန်းဖြစ်သူ အသက် ၂၆ နှစ်ရွယ်  စိုင်းအောင်သိန်း ဆိုသူ ဖြစ်တယ်။ 

မေ ၂၅ ရက် ည ၁၁ နာရီကျော်က ယောက်ျားဖြစ်သူ အိမ်မပြန်လာသေးလို့ စားသောက်ဆိုင်မှာ လိုက်ခေါ်တယ်၊ ယောက်ျားက အရက်တွေ တအားသောက်ထားလို့ တော်သင့်ပြီ၊ အိမ်ပြန်ဖို့ ခေါ်ခဲ့ရာမှာ ယောက်ျားက စိတ်ဆိုးပြီး ဆဲလွှတ်တယ်။ သူမလည်း တယောက်တည်းအခန်းကို ပြန်လာလိုက်တယ်။  သန်းခေါင်ကျော်မှ ယောက်ျားဖြစ်သူ အိမ်ပြန်လာပြီး စကားများကြတယ်၊ ယောက်ျားက သူ့ကို တွန်းထုတ်ပြီး ကိုယ်ထိလက်ရောက်လုပ်တာကြောင့် သူမလည်း မိမိကိုယ်ကိုယ် ကာကွယ်ဖို့ မီးဖိုထဲက ဓားသွားယူလာတယ်၊ ယောကျ်ားက ဓားကိုလုတော့ သူလည်း ပြန်လုရင်း အပြန်အလှန် ရုန်းရင်းဆန်ခတ်ဖြစ်တယ်။ ဓားက ယောက်ျားရဲ့ မေးစေ့ကို  ထိုးမိသွားတာလို့ ဖြောင့်ချက်ပေးပါတယ်။ 

သူတို့နှစ်ယောက် အိမ်ထောင်ပြုတာ ၃ နှစ်ရှိပြီ။ ကလေးယူဖို့လည်း ဆုံးဖြတ်ထားတယ်၊ ဒါပေမဲ့ ယောက်ျားက အရက်မူးလာရင် သူ့ကို အမြဲရန်လုပ်တယ်၊ သူကတော့ ယောက်ျားကို သတ်ဖို့ မရည်ရွယ်ဘူးလို့ ပြောသွားပါတယ်။ 

သေဆုံးသူမှာ မေးစေ့က ဓားထိုးရာအပြင် ညာဘက် ရင်ဘတ်မှာရော ဝမ်းဗိုက်မှာပါ ဒဏ်ရာရသွားတယ်။ မတော်တဆ ထိုးမိပုံမဟုတ်ဘဲ တမင်ထိုးသွင်းရာ ဖြစ်တာကြောင့် အသေးစိတ် ဆက်လက်စုံစမ်းမယ်လို့  ရဲစခန်းက ပြောသွားပါတယ်။ 

စီစီတီဗွီ ကင်မရာထဲမှာတော့ ဒဏ်ရာရသွားတဲ့ ယောက်ျားက  ထွက်ပြေးစဉ် မိန်းမက ဓားကိုင်ပြီး အနောက်က လိုက်လာသေးတယ်။ ယောက်ျား လဲကျသွားတာကို မထူဘဲ မိန်းမက နောက်ပြန် လှည့်ထွက်သွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ 

Source # Thairath / Amarin TV News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013