DVB Logo
Home
နိုင်ငံတကာ
ကန်းစ်ရုပ်ရှင်ပွဲတော်က အမြင့်ဆုံးဆုကို အီရန်ဇာတ်ကား သိမ်းပိုက်
DVB
·
May 26, 2025
ကန်းစ်ရုပ်ရှင်ပွဲတော်က အမြင့်ဆုံးဆုကို အီရန်ဇာတ်ကား သိမ်းပိုက်
Donate to DVB

မေ ၁၃ ရက်ကနေ ၂၄ ရက်အထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဂုဏ်သိက္ခာအကြီးမားဆုံး ကန်းစ် (Cannes) ရုပ်ရှင်ပွဲတော်မှာ “It Was Just an Accident” အမည်ရ အီရန်ဇာတ်ကားက အမြင့်ဆုံးဆုဖြစ်တဲ့ Palme d’Or (ပန်းမ်လ်-ဒေါလ်) ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲဒီရုပ်ရှင်ထဲမှာ အီရန်နိုင်ငံရဲ့ အကျင့်ပျက်ခြစားမှုနဲ့ နိုင်ငံတော်အကြမ်းဖက်မှုတွေအကြောင်း ဖော်ထုတ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

Thriller အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားကို အီရန်အစိုးရဆန့်ကျင်သူ ဖြစ်သလို ဒါရိုက်တာတယောက်လည်း ဖြစ်တဲ့ ဂျာဖာ ပနာဟီ (Jafar Panahi) က ပုံဖော်ရိုက်ကူးခဲ့တာပါ။

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ အီရန်နိုင်ငံသား ပနာဟီဟာ သူ့ရဲ့ လှုံ့ဆော်နိုင်စွမ်းရှိတဲ့ ရုပ်ရှင်တွေကြောင့် နှစ်ပေါင်းများစွာ ခရီးသွားလာခွင့် ပိတ်ပင်ခံခဲ့ရပြီး အကြိမ်ကြိမ် ထောင်ကျခဲ့သူ ဖြစ်ပါတယ်။

အီရန်ပြည်တွင်းကနေ ၁၅ နှစ်ကျော်ကြာ ထွက်ခွာခွင့် အပိတ်ခံထားရတဲ့အလျောက် ပနာဟီဟာ သူ့ရုပ်ရှင်တွေကို လျှို့ဝှက်သိုသိပ်စွာ ရိုက်ကူးလေ့ရှိပါတယ်။

အဲဒီနောက် ပနာဟီက “အရေးကြီးဆုံးက ကျနော်တို့ နိုင်ငံရဲ့အနာဂတ်ပါ။ ဒါကို အားလုံး စုပေါင်း လုပ်ဆောင်ကြပါစို့” ဆိုပြီး စင်ပေါ်မှာ ပြောသွားပါတယ်။

ဒါ့အပြင် “ငါတို့ ဘယ်လိုအဝတ်အစားမျိုး ဝတ်ရမယ် ဒါမှမဟုတ် ဘာတွေလုပ်ရမယ်၊ ဘာမလုပ်ရဘူး ဆိုပြီး ဘယ်သူမှ ညွှန်ကြားပိုင်ခွင့်မရှိဘူး” လို့  ပနာဟီက အီရန်အစိုးရကို ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။

ဘရာဇီး နိုင်ငံရေးနောက်ခံဇာတ်ကား “The Secret Agent” ကလည်း အဓိကဆုကြီး ၂ ခုကို အရယူနိုင်ခဲ့ပြီး ကလယ်ဘာ မန်ဒွန်ကာ ဖီလို (Kleber Mendonca Filho) အတွက် အကောင်းဆုံးဒါရိုက်တာဆုနဲ့ ဝက်ဂ်နာ မိုရာ (Wagner Moura) အတွက် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုပဲ ဖြစ်ပါတယ်။

ပြင်သစ်ဒါရိုက်တာ အက်ဖ် ရှာ ဟာဇီ (Hafsia Herzi) ရဲ့ “The Little Sister” ဒရမ်မာရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ နာဒီယာ မီလီတီ (Nadia Melliti) ကတော့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အီရတ်ဒါရိုက်တာ ဟာဆန် ဟာဒီ (Hasan Hadi) ရဲ့ “The President’s Cake” အမည်ရ ဇာတ်ကားဟာ Caméra d'Or (ကင်မရာ-ဒေါ) ဆိုတဲ့ အကောင်းဆုံး ပွဲထွက်ရုပ်ရှင်ဆု အမျိုးအစားမှာ အောင်မြင်မှုရခဲ့တာ တွေ့ရပါတယ်။

ဒါဟာ ကန်းစ်မှာ အီရတ်ရုပ်ရှင်ကားတခုအတွက် ပထမဆုံးအကြိမ် ဆုရရှိမှု ဖြစ်လာခဲ့ပါတယ်။

ဂါဇာမှာဖြစ်ပွားနေတဲ့ လူမျိုးတုံး သတ်ဖြတ်မှုအပေါ် ကန့်ကွက်တဲ့အနေနဲ့ သရုပ်ဆောင်နဲ့ ရုပ်ရှင်ဖန်တီးသူ ၉၀၀ ကျော်က အိတ်ဖွင့်ပေးစာတစောင်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ပွဲစီစဉ်သူတွေဆီက သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013