
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ပန်ဂျပ်ဒေသမှာ မေ ၂၅ ရက်က ပြင်းထန်တဲ့ အပူလှိုင်းတရပ် ဆက်ရှိနေခဲ့ပြီး ဘာဟာဝယ်ပါရ်မြို့မှာ အပူချိန် ၄၈ ဒီဂရီစင်တီဂရိတ်အထိ ရောက်ခဲ့တယ်လို့ ပါကစ္စတန် မိုးလေဝသဌာန (PMD) က ပြောပါတယ်။
အပူချိန်တွေဟာ ခုအပတ်မှာ ပုံမှန်အဆင့်ထက် ၅ ဒီဂရီစင်တီဂရိတ်ကနေ ၇ ဒီဂရီ စင်တီဂရိတ်အထိ ဆက်ရှိနေနိုင်တယ်လို့ PMD က သတိပေးထားပါတယ်။
မလိုအပ်တဲ့ ပြင်ပလှုပ်ရှားမှုတွေကို ရှောင်ဖို့နဲ့ ရေဓာတ်ပြည့်ဝနေစေဖို့ အာဏာပိုင်တွေက ဒေသခံတွေကို အကြံပြုထားပါတယ်။
အပူရှိန်ကြောင့် မကြာခဏ ဓာတ်အားပြတ်တောက်နေလို့ နေ့စဉ်ဘဝတွေကို ဒုက္ခရောက်စေတယ်လို့ ဒေသခံတွေက ညည်းညူနေကြပါတယ်။
လျှပ်စစ်ဓာတ်အားကို ထိန်းသိမ်းဖို့ ရည်ရွယ်စီစဉ်ပြီး ဝန်ချွေတာဖို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်နေလို့ ပါကစ္စတန်နိုင်ငံသား သန်းပေါင်းများစွာဟာ နေ့စဉ်နီးပါး မီးပျက်တာကို ခံစားနေရပါတယ်။
Source: Reuters