DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ဗုံးကြဲသဖြင့် သတို့သမီးနှင့် ကလေးငယ်များ အပါအဝင် ၁၀ ဦး သေဆုံး
DVB
·
May 25, 2025
စစ်ကောင်စီ ဗုံးကြဲသဖြင့် သတို့သမီးနှင့် ကလေးငယ်များ အပါအဝင် ၁၀ ဦး သေဆုံး
1 / 5
Donate to DVB

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာက မင်္ဂလာဧည့်ခံပွဲ‌လုပ်နေတဲ့ အိမ်ကို အကြမ်းဖက်စစ်ကောင်စီက မေ ၂၅ ရက် ဒီနေ့ ဗုံးကြဲတိုက်ခိုက်လို့ သတို့သမီးနဲ့ ကလေးတွေ အပါအဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။

တိုက်ပွဲမရှိဘဲ ဒီမနက်ပိုင်းက ဗုံးလာကြဲတာဖြစ်ပြီး လူ ၂၀ ကျော်လောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

အမှတ် ၂ စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးတာဝန်ခံက “ကျွန်းကြီးရွာမှာ မင်္ဂလာဆောင် ကျင်းပနေတဲ့ အိမ်ပေါ်ကို ဗုံးကြဲခံလိုက်ရတာပါ။ နောက်ဆုံးရတဲ့ သတင်းတွေအရဆိုရင် မင်္ဂလာဆောင်နေကြတဲ့အထဲက သတို့သမီးရယ်၊ အသက် ၄ နှစ်နဲ့ ၆ နှစ်အရွယ် ကလေးငယ်တွေ အပါအဝင်ပေါ့ ၁၀ ယောက်ထက်မနည်း သေဆုံးပါတယ်” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

ပဲခူးခရိုင် ပကဖ တာဝန်ခံက “မင်္ဂလာဆောင် ထမင်းကျွေးရုံနားကိုကျလို့ ဒဏ်ရာရတဲ့သူ များတာ။ ဒဏ်ရာရတဲ့သူတွေထဲမှာ တဝက်လောက်နီးပါးက အသက်အန္တရာယ်စိုးရိမ်ရတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သေစေချင်တာကြောင့်မို့လို့ ဂျက်ဖိုက်တာနဲ့ မင်္ဂလာဆောင်ပေါ်ကို ဗုံးကြဲသွားတာဖြစ်ပါတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

အခုဗုံးကြဲခံရတဲ့ ကျွန်းကြီးကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ပါဝင်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ တိုက်ပွဲမရှိသလို စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေ၊ လူစည်ကားရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာလို့လည်း စစ်ဒေသ ၂ က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013