DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်၊ သိန်ခွန်းတိုက်ပွဲတွင် ၂ လအတွင်း စစ်ကောင်စီဘက်က ၁၄ ဦး အလင်းဝင်
DVB
·
May 25, 2025
တနင်္သာရီမြို့နယ်၊ သိန်ခွန်းတိုက်ပွဲတွင် ၂ လအတွင်း စစ်ကောင်စီဘက်က ၁၄ ဦး အလင်းဝင်
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းတိုက်ပွဲမှာ ဧပြီလနဲ့ မေလအတွင်း စစ်ကောင်စီဘက်က ၁၄ ယောက် ဘက်ပြောင်းခိုလှုံလာတယ်လို့ တနင်္သာရီ PDF တပ်ရင်း ၃ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

၁၂ ယောက်က KNLA တပ်ရင်း ၁၁၊ ၁ ယောက်က PDF တပ်ရင်း ၂ နဲ့ နောက် ၁ ယောက်က PDF တပ်ရင်း ၃ ဆီကို ဘက်ပြောင်းခိုလှုံလာကြပြီး အများစုကတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ စုဆောင်းထားတဲ့ တပ်သားသစ်တွေ ဖြစ်တယ်လို့ တနင်္သာရီ PDF တပ်ရင်း ၃ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“အဓိက ကတော့ သူတို့ဘက်က တိုက်ပွဲဖြစ်တိုင်း အကျအဆုံးများတာရယ်၊ စစ်ရေးအရ အခြေအနေ မဟန်တာကို သိတာကြောင့် ဘက်ပြောင်းခိုလှုံလာကြတာပါ။”

သိန်ခွန်းကျေးရွာတိုက်ပွဲအတွင်း ထွက်ပြေးလာတဲ့ စစ်ကောင်စီစစ်ကြောင်း ၁၀၃ တပ်ရင်းမှူး ၁ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် ၁ ယောက် ကိုလည်း ပုလော PDF တပ်ရင်း ၁ နဲ့ တနင်္သာရီ PDF တပ်ရင်း ၂ တို့က ဖမ်းဆီးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါသေးတယ်။

ထိုင်း-မြန်မာနယ်စပ် မောတောင်လမ်းပိုင်းက သိန်ခွန်းရွာတိုက်ပွဲမှာ ၅ လတာကာလအတွင်း တိုက်ပွဲပေါင်း ၁၀၀ ကျော်လောက်ဖြစ်ခဲ့ပြီး PDF၊ KNLA၊ KTLA နဲ့ ပကဖတို့ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ တိုက်ပွဲဝင်ရဲဘော်တွေဆီက သိရပါတယ်။

တနင်္သာရီမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေအနေနဲ့ ခရီးသွားလာရာမှာ စစ်ကောင်စီ ယာဉ်တန်းနောက် ကပ်မလိုက်ဖို့နဲ့ သတိရှိရှိသွားလာနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013