DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် ထိုင်းဘက်ထွက်ပြေး 
DVB
·
May 25, 2025
မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် ထိုင်းဘက်ထွက်ပြေး 
1 / 2
Donate to DVB

မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၆၂ ယောက်ဟာ နယ်စပ်က သူတို့စခန်းသိမ်းခံရပြီးနောက် ထိုင်းဘက်ကို လက်နက်ခဲယမ်းတွေနဲ့ ထွက်ပြေးလာပြီး စနေနေ့က လက်နက်ဖြုတ်သိမ်းခံရတယ်လို့ Khaosod  သတင်းမှာ ဖော်ပြပါတယ်။

တာ့ခ်ခရိုင်၊ ထိုင်းနယ်စပ်နားက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် (KNLA) နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ပြီးနောက် ထွက်ပြေးလာကြလို့ လူသားချင်းစာနာထောက်ထားမှုအရ ထိုင်းနိုင်ငံဘက်ခြမ်းနယ်စပ်ကို ဖြတ်ကျော်ခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၂ ယောက်ထဲက ၁၁ ယောက်ဟာ ဒဏ်ရာရထားပြီး ၄ ယောက်က ပြင်းထန်သလို ၁၈ ယောက်က သေဆုံးခဲ့တယ်လို့ ပြောကြောင်းလည်း ဆိုပါတယ်။

ကရင်ပြည်နယ်၊ မြန်မာ- ထိုင်းနယ်စပ်၊ မြ၀တီမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်တွေနဲ့  ဗိုလ်ချုပ် စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူလေးအာမီ (KTLA)တို့က တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

မေ ၂၁ ရက် မနက်ပိုင်းကပဲ မြန်မာ-ထိုင်းနယ်စပ်အနီးက စစ်ကောင်စီရဲ့ မော်ခီးစခန်းကို ဗိုလ်ချုပ် စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူလေးအာမီ KTLA ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး မေ ၂၂ ရက်မှာတော့ စစ်ကောင်စီရဲ့ ဝေါ်လေ၊ ကနဲလေး၊ ပလယ်ဒိုနဲ့ သေဘောဘိုး စခန်းကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ဒရုန်းဗုံးကြဲ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်ထန်းနေတယ်လို့ ဆိုပါတယ်။

မေ ၂၃ ရက်မနက်မှာလည်း မြဝတီခရိုင်ရှိ ဘလက်ဒိုစစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တွေက အပြီးအပိုင် သိမ်းပိုက်ရရှိခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ လေယာဉ်တွေအပြင် ဒရုန်းတွေနဲ့ပါ စစ်ကူပေး ဗုံးကြဲနေပြီး ဒေသခံပြည်သူ ၂၀၀ လောက်ဟာ ထိုင်းနိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ ရပါတယ်။

တိုက်ပွဲတွေကြောင့် မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်က စစ်ရေးတိုးမြှင့်ချထားပြီး မြန်မာဘက်အခြမ်းက တိုက်ပွဲတွေကို စောင့်ကြည့် ကင်းထောက်တာ၊ နယ်စပ်ဖြတ်ကျော်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်မလာနိုင်အောင် ထိုင်းစစ်တပ်၊ ရဲနဲ့ ဒေသအာဏာပိုင်တွေက လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၇ နယ်မြေ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင် အရှေ့ခြမ်း ထိုင်းနယ်စပ်တလျှောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေထဲက ပူးလူတူ၊ ခလယ်ဒေး၊ တခေါဘီခီး၊ မော်ဖားသူး၊ တာလယ်ဗျူဟာ၊ မယ်လ၊ မော်ဖိုးကေစခန်းတွေကို KNU တပ်မဟာ (၇) လက်အောက်ခံ ပူးပေါင်းတပ်တွေက သိမ်းယူပြီးဖြစ်ပါတယ်။

Ref : Khaosod English

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013