DVB Logo
Home
မြန်မာသတင်း
တောင်ကြီးတွင် ကားနှင့် ဆိုင်ကယ် အစီး ၁၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
May 24, 2025
တောင်ကြီးတွင် ကားနှင့် ဆိုင်ကယ် အစီး ၁၀၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမှာ အခု မေလတတိယအပတ်ထဲ လိုင်စင်မရှိတဲ့ ကားနဲ့ ဆိုင်ကယ် အစီး ၁၀၀ ကျော် သိမ်းဆည်းခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တောင်ကြီးက လိုင်စင်မဲ့ကားရောင်းဝယ်သူတွေရဲ့ ကားတွေ၊ ဘုရားဖြူနဲ့ နောင်ကားမှာရှိတဲ့ ပွဲစားတွေရဲ့ ကားခြံထဲကကားတွေကို ယာဉ်ထိန်းတွေ၊ ရဲတွေက သိမ်းဆည်းတဲ့အပြင် ဆိုင်ကယ်ဦးထုပ်မဆောင်းတာ၊ ၃ ယောက်စီးတာတွေကိုလည်း ကားပေါ်တင်သိမ်းဆည်းတာတွေ မေ ၂၁ ရက်နောက်ပိုင်း ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။

မြို့ခံတယောက်က “၃ ယောက်စီး၊ ဦးထုပ်မဆောင်း၊ မေးသိုင်းကြိုးမတပ် အဲဒါတွေ။ ချက်ချင်းရွေးရင် ၈၀,၀၀၀ ၊ တရားရုံးမှာ လက်မှတ်ထိုးပြီးလိုက်ရွေးမယ်ဆို ၁၅,၀၀၀” လို့ ပြောပါတယ်။

မေ ၂၀ ရက်နေ့မှာ စစ်ကောင်စီအစည်းအဝေးကနေ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေကို နိုင်ငံလုံခြုံရေးနဲ့ အခွန်အတွက် ဖမ်းဆီးဖို့ညွှန်ကြားပြီးတဲ့နောက်ရက်တွေမှာ ဆိုင်ကယ်နဲ့ ကား အများအပြား သိမ်းဆည်းခံရတာဖြစ်တယ်လို့ သိရပါတယ်။

မြို့ခံနောက်တယောက်က “လိုင်စင်မဲ့ကားတွေ ဆိုင်ကယ်တွေဆိုတာကလည်း နယ်စပ်ကနေ သူတို့ကို ပိုက်ဆံပေးပြီးမှ ဒီဘက်ရောက်လာတာလေ။ ဖမ်းချင်ရင် အစကတည်းက နယ်စပ်မှာလုပ်ရမှာ။ ခုတော့ ပြည်သူတွေက နစ်သထက်နစ်လာပြီ” လို့ ပြောပါတယ်။

ထိုင်း မြန်မာနယ်စပ်ကနေ လိုင်စင်မဲ့ ဆိုင်ကယ်နဲ့ကားတွေဟာ ဂိတ်အဆင့်ဆင့်ကို ဖြတ်သန်းပြီး တောင်ကြီးကိုရောက်လို့ ပြည်သူတွေစီးတဲ့အချိန်မှ ဖမ်းဆီးနေတဲ့အတွက်လည်း ဝေဖန်ပြောဆိုတာတွေရှိပါတယ်။

ဒါ့အပြင် တောင်ကြီးမှာ ရပ်ထားတဲ့ဆိုင်ကယ်တွေ အခိုးခံရတာများလာနေတာကြောင့်လည်း အခုလမ်းတွေပေါ်မှာ ကား၊ ဆိုင်ကယ်တွေ အရင်ထက်နည်းနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013