DVB Logo
Home
မြန်မာသတင်း
ဘလက်ဒိုစခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက် 
DVB
·
May 24, 2025
ဘလက်ဒိုစခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက် 
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီခရိုင်ရှိ ဘလက်ဒိုစစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တွေက  မေ ၂၃ ရက် မနက် ၉ နာရီလောက်မှာ အပြီးအပိုင် သိမ်းပိုက်ရရှိခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကနေသိရပါတယ်။

ဘလက်ဒိုစခန်းကို မေ ၂၁ ရက်က စတင်ပြီး ဒရုန်းနဲ့ စတင်ပစ်ခတ်ရာ စခန်းအတွင်းမှာ တပ်စွဲထားတဲ့  စစ်ကောင်စီတပ်အင်အား ၈၀ လောက်ရှိတဲ့အထဲ ၁၈ ယောက်သေဆုံး၊ ၁၁ ယောက် ဒဏ်ရာရပြီး ကျန်သူတွေကတော့ စခန်းကိုစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ  KNLA ပူးပေါင်းတပ်တွေက  ဒရုန်းနဲ့   စနိုပါတွေနဲ့ တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း  Y12  လေယာဉ်နဲ့ ဗုံးသီး ၄၀ လောက်နဲ့ စခန်းအနီးတဝိုက် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ 

ဘလက်ဒိုစခန်းဟာ  ထိုင်းနယ်စပ်နဲ့ တစ်ကီလိုမီတာအကွာဝေးသာရှိတဲ့အတွက်  ထိုင်းစစ်တပ် ကလည်း  လုံခြုံရေး ၂၄ နာရီ တင်းကျပ်စောင့်ကြည့်နေပါတယ်။

KNLA ပူးပေါင်းတပ်တွေဟာ ဝေါ်လေ တောင်ဘက် မော်ခီးစခန်းကိုလည်းသိမ်းပိုက်နိုင်ဖို့ ပစ်ခတ် တိုက်ခိုက်နေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013