
တောင်အာဖရိကနိုင်ငံ မြို့တော် ဂျိုဟန်နက်စ်ဘာ့ဂ်အနီးရှိ ကလုဖ်ရွှေတွင်းမှာ ပိတ်မိနေတဲ့ မိုင်းလုပ်သား ၂၈၉ ယောက်အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း တောင်အာဖရိကနိုင်ငံရဲ့ ဆီဘန်နားယဲစတေလ်ဝေါတား သတ္တုတူးဖော်ရေးကုမ္ပဏီက မေ ၂၃ ရက် မှာ ပြောပါတယ်။
ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ အနောက်ဘက် ၆၀ ကီလိုမီတာ (၃၇ မိုင်) အကွာမှ ကုမ္ပဏီရဲ့ အနက်ရှိုင်းဆုံး
မြေအောက်ရွှေတွင်းရှိ နေရာတခုမှာ စုရုံးနေကြတယ်လို့လည်း ဆိုပါတယ်။
ဒီဖြစ်ရပ်ရဲ့ အသေးစိပ်ကို ဖော်ပြပြောဆိုမှု မရှိပေမဲ့ အလုပ်သမားအားလုံး ဘေးကင်းပြီး လူအစုံအလင် ရှိကြောင်းနဲ့ ကုမ္ပဏီက သူတို့ကို အစားအသောက်တွေ ပံ့ပိုးပေးနေတယ်လို့လည်း ဆိုပါတယ်။
ဆီဘန်နားယဲကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက“ကျနော်တို့ဟာ ကလုဖ် မိုင်းကျင်းမှာ ဘေးကင်းစေဖို့နဲ့ မြေအောက်လမ်းကြောင်းအတွင်း လုံခြုံရေးအတွက် စစ်ဆေးခြင်းလုပ်ငန်းစဉ်တွေနဲ့ အလုပ်ရှုပ်နေပြီး လုပ်သားတွေကို မြေကြီးပေါ် ပြန်ဆွဲတင်နိုင်ဖို့ လုပ်နေပါတယ်”လို့ ပြောပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းလောက်မှာ အခြေအနေကို ပြေလည်သွားဖို့တော့ မျှော်လင့်ပါတယ် လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
မိုင်းလုပ်သားများသမဂ္ဂ (NUM) ကတော့ မေ ၂၂ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစီရင်ခံချက်တွေ လက်ခံရရှိထားတယ်လို့ ပြောပါတယ်။
ကမ္ဘာပေါ်မှာ အနက်ရှိုင်းဆုံးနဲ့ ရှေးအကျဆုံး ရွှေတွင်းတချို့ရှိနေတဲ့ တောင်အာဖရိကနိုင်ငံမှာတော့ သတ္တုတွင်းမတော်တဆမှုတွေဟာ အဆန်းတကြယ်ကိစ္စ မဟုတ်တော့ပါဘူး။
Source:Reuters