
ဂါဇာကမ်းမြောင်ဒေသမှာ မကြာသေးတဲ့ ရက်တွေအတွင်း ငတ်မွတ်ခေါင်းပါးမှုနဲ့ ဆက်နွှယ်ပြီး ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို ၂၉ ယောက်တို့ သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီး မာဂျဒ် အဘူ ရာမဒန်က သတင်းထောက်တွေကို မေ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးဟာ မတ်လကတည်းက ဂါဇာကမ်းမြောင်ဒေသကို ဆေးဝါး၊ အစားအစာနဲ့ လောင်စာဆီ ထောက်ပံ့ရေးပစ္စည်းတွေ ဝင်ရောက်မှု ပိတ်ပင်ထားတာကြောင့် ဝိုင်းရံခံထားရတဲ့ ပါလက်စတိုင်း ၂ ဒသမ ၃ သန်း နေထိုင်ရာ အသိုက်အဝန်းမှာ အငတ်ဘေးကြုံရနိုင်ကြောင်း နိုင်ငံတကာ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
နိုင်ငံတကာဖိအားတွေ တိုးလာပြီးနောက် အစ္စရေးဟာ ကန့်သတ်ထားတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပို့ဆောင်မှုတွေကို ပြန်လည်စတင်ခွင့်ပြုဖို့ သဘောတူခဲ့ပြီးနောက် တနင်္လာနေ့မှာ ထရပ်ကားတချို့ ဂါဇာကို ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။
ဒါပေမဲ့ အင်္ဂါနေ့ညမှာတော့ အကူအညီတွေကို မဖြန့်ဝေရသေးဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။
အကူအညီတွေ ပြတ်တောက်မှုတွေအပြင် ဂါဇာမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အစ္စရေးစစ်တပ်ဟာ ဟားမတ်စ် စစ်သွေးကြွအဖွဲ့ကို နှိမ်နင်းတဲ့ အဓိက စစ်ဆင်ရေးအသစ် စတင်ကြောင်း ကြေညာခဲ့ပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လွန်ခဲ့တဲ့ ၈ ရက်အတွင်း လူ ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာနယ်မြေရှိ ဆေးပညာရှင်တွေက ပြောပါတယ်။
Source: Reuters