
ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်ကနေ နိုဝင်ဘာ ၁၂ ရက်အထိ ၃ လကျော်အတွင်း စစ်အာဏာရှင်တပ်ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အို ၄၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသမီး ၂၇ ယောက်နဲ့ အမျိုးသား ၂၂ ယောက် ပါဝင်ပြီး ၄၅ ယောက်ဟာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတာပါ။
ဒေသအလိုက် ရခိုင်ပြည်နယ်မှာ ၁၄ ယောက်နဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းမှာ ၁၃ ယောက် သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကလည်း ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ဒဏ်ရာရခဲ့တဲ့ ပြည်သူ ၅ ယောက်ထဲက သက်ကြီးရွယ်အို အမျိုးသားတယောက်ဖြစ်တဲ့ ဦးအောင်ကျော်ဟာ ဆေးရုံပို့ရာလမ်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။











