DVB Logo
Home
နိုင်ငံတကာ
ကလေးများကျန်းမာရေးနှင့် ပတ်သက်သည့် အစီရင်ခံစာ အိမ်ဖြူတော် ထုတ်ပြန်
DVB
·
May 23, 2025
ကလေးများကျန်းမာရေးနှင့် ပတ်သက်သည့် အစီရင်ခံစာ အိမ်ဖြူတော် ထုတ်ပြန်
Donate to DVB

ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဓာတုပစ္စည်းပါဝင်မှု၊ အစားအသောက် အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်လို့ MAHA အစီရင်ခံစာကို အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ်ဖရန့်ကနေဒီ ဂျူနီယာ ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ဟာ မေ ၂၂ ရက်က အစားအသောက်၊ ဓာတုပစ္စည်းပါဝင်မှု၊ စိတ်ဖိစီးမှု၊ ဆေးကုသချိန်မှာ ဆေးဝါးအလွန်အကျွံပေးမှုနဲ့ ကာကွယ်ဆေးတွေဟာ အမေရိကန်ရှိ ကလေးတွေ နာတာရှည်ရောဂါ ဖြစ်ပွားမှုရဲ့ နောက်ကွယ်ကအချက် ဖြစ်နိုင်တယ်ဆိုတဲ့ အစီရင်ခံစာကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီကော်မရှင်ရဲ့ အမည်ကို Make America Healthy Again (MAHA) လို့ ပေးထားတာ ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ကလေးတွေ အဝလွန်တာ၊ ဆီးချိုဖြစ်တာ၊ ကင်ဆာဖြစ်တာနဲ့ စိတ်ကျန်းမာရေး ချို့တဲ့တာ၊ ဓာတ်မတည့်တာ၊ ကလေးဘဝထဲက အထီးကျန်လာတဲ့ ဦးနှောက်အာရုံကြော ဖွံ့ဖြိုးမှု အားနည်းတာတွေကို အဓိကထား လေ့လာပြီး ကနေဒီက ဒါဟာ အမျိုးသားရေး အကျပ်အတည်း ဖြစ်မှုလို့ ဆိုပါတယ်။

ဒီအဖွဲ့ဝင်တွေဟာ အကြိမ်များစွာ ပြုပြင်ဖန်တီးထားတဲ့ အစားအသောက်တွေကို ဦးစားပေး လေ့လာဖို့ သဘောတူခဲ့တယ်လို့ ကနေဒီက ဆိုပါတယ်။

အမေရိကန်ရှိ ကလေးတွေ စားနေတဲ့ အစားအသောက်တွေ တိုးတက်ကောင်းမွန်ဖို့ကိုလည်း လုပ်ဆောင်မယ်လို့ ရည်ရွယ်ထားပါတယ်။

အစီရင်ခံစာမှာ ဖော်ပြချက်အရ အသုံးပြုတဲ့ ဆေးဝါးတွေကိုလည်း စောင့်ကြည့်လေ့လာမှုတွေ တိုးမြှင့်သွားမှာဖြစ်ပြီး ကလေးတွေရဲ့ ကျန်းမာရေးရလဒ်တွေကိုလည်း လေ့လာမှာ ဖြစ်ပါတယ်။

ဒီလေ့လာမှုမှာ ကလေးတွေကို သဘာဝအစားအစာတွေကို အသုံးပြုတဲ့ အစားအသောက်ပုံစံနဲ့လည်း နှိုင်းယှဉ်လေ့လာမှာ ဖြစ်ပါတယ်။

အကြိမ်များစွာ ပြုပြင်ဖန်တီးထားတဲ့ အစားအသောက်တွေနဲ့ ပတ်သက်ပြီးလည်း ငြင်းခံရမှုတွေ အများအပြား ဖြစ်ပေါ်နေပါတယ်။

ဒီအစားအစာတွေဟာ စက်ရုံတွေက ထုတ်လုပ်တဲ့ အစားအစာတွေ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013