DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းထဲက ပေါ်တာဆွဲခံရသူ ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်
DVB
·
May 23, 2025
ဧရာဝတီတိုင်းထဲက ပေါ်တာဆွဲခံရသူ ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်
Donate to DVB

DVB

ဧရာဝတီတိုင်း မြို့နယ် ၂ ခုကနေ စစ်ကောင်စီတပ်ရဲ့ မတရားပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူ ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မေ ၁၉ ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ပဲခူးတိုင်း၊ သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း ၃၈၀၁ က မေ ၂၃ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

P 23801 ရဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့ ၂ ယောက်က နတ်တလင်းမြို့နယ်မှာရှိတဲ့ ပျဉ်ပုံရွာဘက်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းထဲကနေ လက်နက်ခဲယမ်းတွေယူပြီး ထွက်ပြေးလာခဲ့ကြတာပါ။ သူတို့ဇာတိတွေကတော့ ဧရာဝတီတိုင်းထဲက ရေကြည်နဲ့ ကျုံပျော်မြို့နယ်တွေကလို့ သိရပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ တပ်သား နိုင်ဝေလင်းနဲ့ တပ်သား ရာဇာမင်း တို့ဟာ MA1 သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ စကားပြောစက် ၁ လုံး၊ ကျည်ဘောက် ၆ ခုတို့အပြင် ခဲယမ်းတချို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့ကြတာလို့ ဆိုပါတယ်။

၃၈၀၁ တပ်ရင်းရဲ့ တပ်ရင်းမှူး ဗိုလ်မိုးကြိုးက “သူတို့ တပ်ထဲမှာနေရတုန်းက ကင်းစောင့်ရတာနဲ့ တပ်တွင်း သက်သာချောင်ချိရေး အလုပ်တွေပဲ လုပ်ရတယ်။ ရှေ့တန်းစစ်ကြောင်းထွက်လာရတော့ အထက်လူကြီးတွေကနေ ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးခိုင်းတာတွေနဲ့ ပြည်သူတွေကို အပြစ်မရှိဘဲ ဖမ်းဆီး နှိပ်စက်ခိုင်းတဲ့အလုပ် ဖိအားပေးပြီး အတင်းလုပ်ခိုင်းလို့ ထွက်ပြေးလာခဲ့ကြတာပါ။ သူတို့ဖြစ်ချင်တာက လွတ်မြောက်နယ်မြေကို သွားချင်ကြတာ မဟုတ်ဘူး။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပေါင်းပြီး စစ်တပ်ကို ပြန်တိုက်သွားကြမယ့်သူတွေ ဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။

ပဲခူးတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ရေးအရှိန်မြှင့်တင်ပြီး စစ်ကောင်စီ တပ်စခန်းတွေကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်လို့ စစ်ကောင်စီတပ် လက်အောက်မှာ ကျန်ရှိနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ အမြန်ဆုံး အလင်း၀င်ရောက်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း ပဲခူးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013