DVB Logo
Home
နိုင်ငံတကာ
ဗီယက်နမ်တွင် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် ဇိမ်ခံအိမ်ရာ ထရမ့်ပ်လုပ်ငန်းစု တည်ဆောက်
DVB
·
May 22, 2025
ဗီယက်နမ်တွင် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် ဇိမ်ခံအိမ်ရာ ထရမ့်ပ်လုပ်ငန်းစု တည်ဆောက်
Donate to DVB

ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သား အဲရစ်တို့ဟာ ဟနွိုင်းမြို့အပြင်ဘက်မှာ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ ဇိမ်ခံလူနေအိမ်ရာ တည်ဆောက်မှု  အခမ်းအနားကို မေ ၂၁ ရက်က ကျင်းပခဲ့ပါတယ်။

အမေရိကန်သမ္မတရဲ့ Trump Organization လုပ်ငန်းစုနဲ့ ဒေသခံ လုပ်ဖော်ကိုင်ဖက်တွေဟာ ဒီစီမံကိန်းအတွက် လွန်ခဲ့တဲ့အပတ်က ဗီယက်နမ်ကွန်မြူနစ် အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရခဲ့ပြီး အမေရိကန်အစိုးရနဲ့ စည်းကြပ်ခွန်တွေ ကောက်ဖို့ သီးခြားညှိနှိုင်းနေပါတယ်။

ဝန်ကြီးချုပ် ဖမ်မင်ချင်က “အဲရစ်ခ် ထရမ့်ပ်ရဲ့ ခရီးစဉ်ဟာ ဒီစီမံကိန်းကို အရှိန်မြှင့်ဖို့ ကျနော်တို့ကို လှုံ့ဆော်ပေးတယ်” လို့ ပြောပါတယ်။

ဒေသန္တရ အာဏာပိုင်တွေကို အမြင့်ဆုံး ပံ့ပိုးကူညီဖို့နဲ့ စီစဉ်ထားတဲ့ အချိန်အတိုင်းအတာအတွင်း ၂၀၂၇ ခုနှစ်အကုန်ပိုင်းမှာ ၂,၄၄၆ ဧက ရှိတဲ့ အပန်းဖြေစခန်းကို ပြီးအောင်လုပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အဲရစ်ခ် ထရမ့်ပ်ဟာ ဗီယက်နမ်နိုင်ငံ တောင်ပိုင်းက စီးပွားရေး အချက်အချာကျတဲ့ နေရာမှာ မိုးမျှော်တိုက်အတွက် အစီအစဉ်တွေကို လေ့လာဖို့ ဟိုချီမင်းမြို့မှာ အရာရှိတွေနဲ့ မေ ၂၂ ရက်က တွေ့ဖို့ စီစဉ်ထားတယ်လို့ အတွင်းသတင်း အချိန်ဇယားကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။

ဗီယက်နမ်ဟာ ဧပြီ ၂ ရက်မှာ ကမ္ဘာလုံးဆိုင်ရာ စည်းကြပ်ခွန်တွေအတွက် လွတ်မြောက်ရေးနေ့ အစီအစဉ်ကို သမ္မတ ထရမ့်ပ်က ကြေညာချိန်မှာ အမေရိကန်ရဲ့ အမြင့်ဆုံး အကောက်ခွန်နှုန်းထား ၄၆ ရာခိုင်နှုန်းကို ခံစားခဲ့ရတာပါ။ ဒါပေမဲ့ ထရမ့်ပ်က စည်းကြပ်ခွန်ကောက်မယ့် အချိန်ကို ရက် ၉၀ ရွှေ့ဆိုင်းခဲ့ပါတယ်။

ဟနွိုင်းမြို့တောင်ဘက် ကီလိုမီတာအနည်းငယ်အကွာ ဟွန်ယမ်းမြို့မှာ တည်ဆောက်မယ့် လူနေအိမ်ရာစီမံကိန်းထဲမှာ ၁၈ ကျင်းရှိတဲ့ ဂေါက်ကွင်း ၃ ကွင်း ပါဝင်ပြီး ဒေသန္တရ အာဏာပိုင်တွေဆီကနေ ခွင့်ပြုချက် အမြန်ရယူခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

Trump Organization ဟာ အင်ဒိုနီးရှားကနေ အရှေ့အလယ်ပိုင်းနိုင်ငံတွေအထိ ဇိမ်ခံဂေါက်ကွင်း စီမံကိန်းတွေ ဆောက်လုပ်ဆဲဖြစ်သလို တချို့စီမံကိန်းတွေက ပြီးစီးနေပြီလို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013