DVB Logo
Home
မြန်မာသတင်း
သန်လျင်တံတားအဆင်းတွင် ပေါက်ကွဲမှုဖြစ်
DVB
·
May 21, 2025
သန်လျင်တံတားအဆင်းတွင် ပေါက်ကွဲမှုဖြစ်
Donate to DVB

ရန်ကုန်၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက်၊ သန်လျင်တံတားအဆင်း၊ လက်မှတ်ဂိတ်မှတ်တိုင် အနီးမှာ မေ ၂၁ ရက်၊ မနက် ၁၀ နာရီလောက်က ပေါက်ကွဲသံ ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကားတွေဆီက ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ယာဉ်ထိန်းရဲ၊ ရဲတပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာကို အဝေးထိန်းမိုင်းတလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ရန်ကုန်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Operation Flame OF ကနေသိရပါတယ်။

Operation Flame OF အဖွဲ့ သတင်းပြန်ကြား တာဝန်ရှိသူတယောက်က “သူတို့ဘက်က ပြန်ပြီး ပစ်ခတ်နိုင်တာမျိုးတောင် မရှိပါဘူး။ ပိုက်စိပ်တိုက် စစ်ဆေးမှုတွေတော့ ပေါက်ကွဲပြီးကတည်းက ခုထိ လုပ်နေပါတယ်။ သူတို့ဘက်က စစ်တပ်လော်ဘီတွေကနေ အသံဗုံးပေါက်တယ်၊ ဘာမှ ထိခိုက်မှုမရှိဘူး ဆိုပြီးတော့ သတင်းတုထုတ်တယ်။ သေချာသလောက်ကတော့ အဲဒီလို သတင်းတုထုတ်ပြီး သူတို့ ပိုက်စိပ်တိုက် စစ်နေတာ ဆိုကတည်းက သူတို့ တခုခု ထိခိုက်မှုရှိနေပြီ ဆိုတာပါပဲ” လို့ ပြောပါတယ်။

အဆိုပါပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာမှု အခြေအနေကိုတော့ လတ်တလော မသိရသေးပါဘူး။ 

Operation Flame OF အဖွဲ့ဟာ ၂၀၂၅ ဇန်နဝါရီလကနေ မေလအထိ စစ်ကောင်စီကို တိုက်ခိုက်တဲ့ စစ်ဆင်ရေး ၈ ကြိမ်ရှိနေပြီး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်မှု ၆ ကြိမ်၊ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်မှု ၂ ကြိမ်တို့ ပါဝင်ပါတယ်။

စစ်ဆင်ရေးအပြီး အဖွဲ့သားတွေအားလုံး ဘေးကင်းရာရောက်ရှိပြီ ဖြစ်ပြီး ရန်ကုန်တော်လှန်ရေးမဟာမိတ် အားလုံးနဲ့အတူ အာဏာသိမ်းစစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013