DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်တွင် ပေါက်ကွဲစေတတ်သည့်ပစ္စည်းများဆိုင်ရာ ဥပဒေချိုးဖောက်မှုဖြင့် လူအချို့ကို ဖမ်းဆီး  
DVB
·
September 28, 2026
Photo: REUTERS/Toby Shepheard
Photo: REUTERS/Toby Shepheard
Donate to DVB

ဗြိတိန်နိုင်ငံမှာ လေတပ်စခန်း လုံခြုံရေး တိုးမြှင့်ချထားပြီးနောက် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများဆိုင်ရာ ဥပဒေချိုးဖောက်မှုနဲ့ အမျိုးသားတချို့ကို ရဲတပ်ဖွဲ့က  ဖမ်းဆီးလိုက်တယ်လို့  Sky News သတင်းဌာနမှာ ဖော်ပြပါတယ်။ 

ဗြိတိန်နိုင်ငံအတွင်း အမေရိကန်လေတပ်က သုံးနေတဲ့ ဖဲယားဖို့ဒ် လေတပ်စခန်းမှာ လုံခြုံရေးအစီအမံတွေ တိုးမြှင့် ချထားပြီးတဲ့နောက် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများဆိုင်ရာ ဥပဒေအရ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူ အမျိုးသားတချို့ကို ဖမ်းဆီးခဲ့တဲ့အကြောင်း ဗြိတိန်နိုင်ငံ ဂလော့စတာရှိုင်းယား ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၇ရက် မှာ ပြောပါတယ်။

ဗြိတိန်စစ်တပ်ရဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ရှင်းလင်းရေးဆိုင်ရာ အထူးကျွမ်းကျင်အဖွဲ့ဟာ လက်ရှိမှာ ဧရိယာထဲက ယာဉ်တချို့ကို စစ်ဆေးနေပြီး ဒေသခံတွေကိုလည်း ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးထားတယ်လို့  ဂလော့စတာရှိုင်းယား ရဲတပ်ဖွဲ့ကို ကိုးကားပြီး Sky News သတင်းမှာ ရေးပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013