၂၀၃၅ အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ဗြိတိန်တွင် ကျင်းပမည်

အင်္ဂလန်၊ စကော့တလန်၊ ဝေလနဲ့ မြောက်အိုင်ယာလန်နိုင်ငံတို့ဟာ ၂၀၃၅ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ပူးတွဲလက်ခံကျင်းပခွင့် ရရှိသွားပါတယ်။
၁၉၆၆ ခုနှစ်နောက်ပိုင်း ဗြိတိန်မြေမှာ ပထမဆုံးအကြိမ် ကျင်းပမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပြီး အသင်းပေါင်း ၄၈ သင်း ပါဝင်ယှဉ်ပြိုင်မှာပါ။ ပြိုင်ပွဲကို မြို့ ၁၆ မြို့ရှိ ကွင်း ၂၂ ကွင်းအထိ အသုံးပြုဖို့ လျာထားပါတယ်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိ မာ့ခ်ဘူလင်ဟမ်က ဒီပြိုင်ပွဲဟာ နိုင်ငံ ၄ နိုင်ငံစလုံးမှာ အမျိုးသမီးဘောလုံးလောကကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်မဲ့ အခွင့်အရေးတခုလို့ ဆိုပါတယ်။ ဖီဖာဘက်ကလည်း ဒီပူးတွဲအိမ်ရှင်အဖြစ် လက်ခံနိုင်ကြောင်း အတည်ပြုပေးလိုက်ပါတယ်။











