DVB Logo
Home
နိုင်ငံတကာ
လစဉ်ကြေးပေးပြီး အသုံးပြုနိုင်သည့် AI နည်းပညာသစ်များ Google မိတ်ဆက်
DVB
·
May 21, 2025
လစဉ်ကြေးပေးပြီး အသုံးပြုနိုင်သည့် AI နည်းပညာသစ်များ Google မိတ်ဆက်
Donate to DVB

အမေရိကန်နိုင်ငံရှိ အသုံးပြုသူတွေအားလုံး  Google မှာ AI Mode ကို စတင် သုံးနိုင်ပြီဖြစ်ကြောင်း Google မိခင်ကုမ္ပဏီ Alphabet က မေလ ၂၀ ရက်နေ့ ကယ်လီဖိုးနီးယားမှာ ကျင်းပတဲ့ I/O နှစ်ပတ်လည် ဆွေးနွေးပွဲမှာ ကြေညာလိုက်ပါတယ်။

AI နည်းပညာပြိုင်ဘက် မိုက်ခရိုဆော့ဖ်ရဲ့ OpenAI ကို ယှဉ်ပြိုင်နိုင်ဖို့ Google က  အဆင့်မြှင့်ထားတဲ့ AI နည်းပညာသစ်တွေကို မိတ်ဆက်ကြေညာလိုက်တာပါ။  ၂၀၂၂ ခုနှစ်က မိုက်ခရိုဆော့ဖ်က OpenAI ရဲ့ ChatGPT ကို ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း Google က အဆင့်မြှင့်တင်မှုတွေ ပြုလုပ်လာတာလည်းဖြစ်ပါတယ်။

အင်္ဂါနေ့မှာ ပြသခဲ့တဲ့ Google ရဲ့ Search  ဗားရှင်းဟာ မေးမြန်းသမျှ ရိုးရှင်းတဲ့ မေးခွန်းတွေကနေ ရှုပ်ထွေးတဲ့ မေးခွန်းတွေအထိ ဖြေနိုင်ကာ တကိုယ်ရေသုံးနဲ့ အစီအစဉ်တကျ အသုံးပြုနိုင်ဖို့ တည်ဆောက်ထားတယ်လို့ Google စီအီးအိုက ပြောပါတယ်။

“ကျနော်တို့ဟာ အသုံးပြုသူတွေအတွက် အကောင်းဆုံးမော်ဒယ်တွေကို အတန်ဆုံး ဈေးနှုန်းတွေနဲ့ ထပ်ပြီးပေးနေပါပြီ။”

ဉာဏ်ရည်တုနည်းပညာကို ဝက်ဆိုက်ပေါ်မှာ လစဉ်ကြေးပေးပြီး အသုံးပြုနိုင်တဲ့ AI Ultra Plan ဒေါ်လာ ၂၅၀  တန် ပက်ကေ့ချ်ကိုလည်း ကြေညာခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ လစဉ်အသုံးပြုသူ သန်း ၄၀၀ ကျော် ရှိနေပြီဖြစ်တဲ့ Gemini App အဆင့်မြှင့်တင်ထားထားတဲ့ ဗားရှင်းသစ်နဲ့ အန်းဒရိုက် XR ဆော့ဝဲလ် အသုံးပြုထားတဲ့  Google မျက်မှန်   Smart glasses အသစ်ကိုလည်း ထည့်သွင်းမိတ်ဆက်ခဲ့ပါတယ်။

Google ရဲ့ အစီအစဉ်အသစ်မှာ Cloud storage ၃၀ တယ်ရာဘိုက် ပါဝင်မှုနဲ့ ယူကျုဘ်မှာ ad-free တို့လည်း ပါဝင်မှာဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ Meta ကလည်း AI မျက်မှန် မိတ်ဆက်ခဲ့ပြီးနောက်မှာ Google ရဲ့ AI နည်းပညာယှဉ်ပြိုင်မှုလည်း ကြီးမားလာပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013