DVB Logo
Home
နိုင်ငံတကာ
ဆီးရီးယားအပေါ် စီးပွားရေးဒဏ်ခတ်မှု EU ရုပ်သိမ်း
DVB
·
May 21, 2025
ဆီးရီးယားအပေါ် စီးပွားရေးဒဏ်ခတ်မှု EU ရုပ်သိမ်း
Donate to DVB

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဆီးရီးယားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ သဘောတူခဲ့တယ်လို့ EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ခါယာ ကားလက်စ်က မေ ၂၀ ရက်မှာ ပြောပါတယ်။

ဒီဆုံးဖြတ်ချက်က နောက်ပြန်လှည့်လို့မရသလို အခြေအနေလည်း တိုးတက်နေပါတယ်လို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာ ဝန်ကြီးတွေနဲ့ ဆွေးနွေးအပြီး ကားလက်စ်က ပြောပါတယ်။

“စီးပွားရေး ပြန်ဦးမော့လာဖို့ လမ်းကြောင်းမရှိရင် ငြိမ်းချမ်းရေးဆိုတာ မရှိနိုင်သလို တည်ငြိမ်တဲ့ ဆီးရီးယားကို ကျနော်တို့အားလုံး လိုအပ်နေပါတယ်။ ဆီးရီးယားပြည်သူတွေကို အခွင့်အရေးပေးဖို့ လိုပါတယ်။”

ဆီးရီးယားအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့ပြီးနောက် ဥရောပသမဂ္ဂရဲ့ မူဝါဒအပြောင်းအလဲ ထွက်ပေါ်လာတာပါ။

ဂါဇာကမ်းမြောင်ဒေသမှာ “အတည်မပြုနိုင်တဲ့” အခြေအနေတွေကြားမှာ EU ရဲ့ အစ္စရေးနဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကို ပြန်သုံးသပ်မယ်လို့လည်း ဥရောပသမဂ္ဂရဲ့ ထိပ်တန်းသံတမန်က ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ အစိုးရက ဂါဇာကမ်းမြောင်ဒေသထဲ စစ်ရေးအရ ထိုးစစ်ဆင်နေချိန်မှာ နိုင်ငံတကာဖိအားတွေ မြင့်တက်လာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013