DVB Logo
Home
နိုင်ငံတကာ
ဘောလ်တစ်ပင်လယ် ရေအောက်မိုင်းရှင်းလင်းရေး စစ်ဆင်ရေး NATO အဆုံးသတ်
DVB
·
May 21, 2025
ဘောလ်တစ်ပင်လယ် ရေအောက်မိုင်းရှင်းလင်းရေး စစ်ဆင်ရေး NATO အဆုံးသတ်
Donate to DVB

ဘောလ်တစ်ပင်လယ်မှာ အကြီးစား ရေတပ်စစ်ဆင်ရေးတခု မေ ၁၉ ရက်မှာ ပြီးဆုံးခဲ့ပြီး စစ်သင်္ဘောတွေ၊ ရေငုပ်သမားတွေနဲ့ ရေအောက်ဒရုန်း မောင်းနှင်သူတွေက ကမ္ဘာစစ် ၂ ခုက မပေါက်ကွဲသေးတဲ့ လက်ကျန် ရေအောက်မိုင်းတွေကို ဖောက်ခွဲခဲ့ပြီးတော့ ဧရိယာအတွင်း ရေအောက်လျှပ်စစ်ဓာတ်အားကြိုးလိုင်းတွေကိုလည်း အမိအရ စစ်ဆေးခဲ့ပါတယ်။

NATO အဖွဲ့ဝင် ၁၃ နိုင်ငံက စစ်သင်္ဘော ၁၂ စင်းနဲ့ မိုင်းရှင်းလင်းရေး ရေငုပ်သမားတွေနဲ့ ရေအောက်ဒရုန်းယာဉ်တွေ ပါဝင်တဲ့ အဖွဲ့ ၁၉ ဖွဲ့ဟာ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်တုန်းက ရေအောက်ထဲမှာ မပေါက်ကွဲသေးဘဲ ကျန်နေတဲ့ မိုင်းဗုံးတွေနဲ့ အမြောက်လက်နက်တွေကို ရှင်းလင်းရေးမစ်ရှင်မှာ ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီစစ်ဆင်ရေးဟာ မျက်မှောက်ခေတ် အန္တရာယ်တွေကိုလည်း အာရုံစိုက် လုပ်ဆောင်ပြီးတော့ ဘောလ်တစ်ပင်လယ်ဒေသရှိ ရေအောက် အခြေခံအဆောက်အအုံတွေကို ခြိမ်းခြောက်နိုင်မှု အလားအလာတွေကနေ ကာကွယ်ပေးခဲ့ပါတယ်။

ဘောလ်တစ်ပင်လယ်ဟာ ပေါင်းစပ်စစ်ဆင်ရေးနယ်မြေ ဖြစ်လာတာက လျှို့ဝှက်ချက် မဟုတ်ပါဘူးလို့ လစ်သူယေးနီးယား ရေတပ်ဦးစီးမှူး ရေတပ်ဗိုလ်ချုပ်ကြီး ယဲဂရို့စ် ပရန်မန့်စ်ကာစ်က ရိုက်တာကို ပြောပါတယ်။

“အရေးပါတဲ့ ရေအောက်အခြေခံအဆောက်အအုံတွေ ပျက်စီးမှုတွေ၊ ဖင်လန်ပင်လယ်ကွေ့မှာ ဖြစ်ပွားမှုတွေ၊ အဲဒီနောက် တရားဝင်အချက်အလက်တွေ ဖျောက်ထားတဲ့ အရိပ်ရေယာဉ်အုပ်စုရဲ့ လုပ်ဆောင်မှုတွေ၊ အဲဒီအချက်တွေ အားလုံးက ဒေသတွင်း လုံခြုံရေးကို ပိုကောင်းစေမယ့်ကိစ္စတွေ မဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့ရဲ့ ရေပိုင်နက်ထဲမှာ NATO အဖွဲ့ တည်ရှိနေတာဟာ ပတ်ဝန်းကျင်ရှိ နိုင်ငံတချို့က အဲဒီလိုပေါင်းစပ်လုပ်ရပ်တွေ လုပ်ဆောင်လာနိုင်ခြေကို တားဆီးရာမှာ အထောက်အကူ ဖြစ်နိုင်တယ်လို့ ယူဆကြောင်း။”

ဘောလ်တစ်ပင်လယ်အောက်ခြေမှာ ဖောက်ခွဲရေးပစ္စည်းတွေ ထောင်နဲ့ချီ ရှိနေသေးပြီး ရေကြောင်းသွားလာမှုနဲ့ မဟာဗျူဟာကျတဲ့ အခြေခံအဆောက်အအုံတွေကို ခြိမ်းခြောက်နေတာ ဖြစ်ပြီး အခု “Open Spirit” စစ်ဆင်ရေး ၂၀၂၅ ဟာ ထပ်တလဲလဲ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားနေတဲ့ စစ်ဆင်ရေးတွေထဲက တခုလည်း ဖြစ်ပါတယ်။

စစ်ဆင်ရေးအတွင်းမှာ မပေါက်ကွဲသေးတဲ့ သမိုင်းဝင်လက်နက် ၄ ခုဖြစ်တဲ့ မိုင်း ၃ လုံးနဲ့ တော်ပီဒိုတခုကို တွေ့ရှိ ရှင်းလင်းခဲ့တယ်လို့ လေ့ကျင့်ရေးမှူး အန်ဒရီးယပ်စ် ဂူရာလိစ်က ပြောပါတယ်။

အဲဒီမစ်ရှင်ကို လစ်သူယေးနီးယား ရေပိုင်နက်နဲ့ သူ့ရဲ့ သီးသန့်စီးပွားရေးဇုန်မှာ မေ ၉ ရက်ကနေ ၂၃ ရက်အထိ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013