DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံဆည်တည်ဆောက်မှု မရပ်ခဲ့ပါက လျှပ်စစ်ဓာတ်အား ပိုရမည်ဟု စစ်ခေါင်းဆောင်ပြော
DVB
·
May 21, 2025
မြစ်ဆုံဆည်တည်ဆောက်မှု မရပ်ခဲ့ပါက လျှပ်စစ်ဓာတ်အား ပိုရမည်ဟု စစ်ခေါင်းဆောင်ပြော
Donate to DVB

ပြည်သူလူထုက အပြင်းအထန် ကန့်ကွက်ခဲ့တဲ့ မြစ်ဆုံဆည်ကို တည်ဆောက်မှုသာ မရပ်ခဲ့ရင် ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အား အခုထက်ပိုရမှာဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။

လက်ရှိ ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အား လုံလောက်မှုမရှိကြောင်း မေ ၂၀ ရက်က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။

အရင်ကာလတွေက လျှပ်စစ်ဓာတ်အားပေး စီမံကိန်းတွေ ချမှတ်ဆောင်ရွက်ခဲ့ပြီး အကောင်အထည် မဖော်နိုင်ခဲ့တာကြောင့် အခုလို လျှပ်စစ်ဓာတ်အား မလုံလောက်ခဲ့ရတာဖြစ်ပြီး မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသာ မရပ်ခဲ့ရင် မဂ္ဂါဝပ် ၆,၀၀၀ ရရှိမယ်လို့လည်း ပြောဆိုသွားပါတယ်။

ဒါ့အပြင် လက်ရှိမှာ လုံခြုံရေးအခြေအနေကြောင့် စီမံကိန်းတွေ ရပ်တန့်ထားရပြီး စစ်ကောင်စီအနေနဲ့ အနိမ့်တမံတွေ ပြုလုပ်နေသလို လုပ်ဆောင်လို့ရတဲ့ နေရာတွေမှာ စီမံကိန်းတွေ ပြန်လည်ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။

မြစ်ဆုံစီမံကိန်း အပါအဝင် စစ်ခေါင်းဆောင်တွေလက်ထက်က စီမံကိန်းတချို့ဟာ သဘာဝပတ်ဝန်းကျင်နဲ့ လူထုကို ထိခိုက်နိုင်မှုတွေကြောင့် အစိုးရအဆက်ဆက်မှာ ဒေသခံလူထုနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်ကောင်စီက ရပ်ဆိုင်းထားတဲ့ စီမံကိန်းတချို့ကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားလည်ပတ်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013