
မြန်မာနိုင်ငံမှာ သဘာဝဘေးအပြီး ပြန်လည်တည်ဆောက်ရေးအတွက် တရုတ်နိုင်ငံက ကျွမ်းကျင်ပညာရှင် အဖွဲ့တွေကို မြန်မာနိုင်ငံကို စေလွှတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ရှိ အာရှရေးရာဌာန လက်ထောက်အကြီးအကဲ လျန်ကျန်းကျွန်းက မေ ၂၀ ရက်က ပေကျင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မတ် ၂၈ ရက် နေ့လယ်က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ရာမှာ အသေအပျောက်တွေ များပြားခဲ့တဲ့ မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ တရုတ်ကယ်ဆယ်ရေးအဖွဲ့ဟာ မြန်မြန်ဆန်ဆန် အရေးပေါ်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံကို ပထမဆုံး ဝင်ရောက်လာသူဖြစ်ကာ ငလျင်ဘေးသင့်နေရာကို ပထမဆုံး ရောက်ရှိသူဖြစ်ပြီးတော့ အသက်ရှင်ကျန်ရစ်သူတွေကို ပထမဆုံး ကယ်တင်ပေးနိုင်ခဲ့သူဖြစ်တယ်လို့ လျန်ကျန်းကျွန်းက ပြောပါတယ်။
အားလုံးဆိုရင် ကယ်ဆယ်ရေးအဖွဲ့ ၃၁ ဖွဲ့ရှိပြီး အစိုးရနဲ့ စစ်တပ်ယူနစ်တွေ၊ ဒေသခံ စေတနာ့ဝန်ထမ်းတွေနဲ့ အရပ်သားအဖွဲ့တွေ အပါအဝင် ကယ်ဆယ်ရေးသမား ၆၀၀ ကျော်ရှိပြီး အားလုံးက မြန်မာနိုင်ငံကို ဦးတည်သွားကြတာလို့လည်း ဆိုပါတယ်။
နောင်လာမယ့် ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုတွေအတွက် အခြေခံလုပ်ငန်းတွေကို ကူညီပေးဖို့ တရုတ်အစိုးရက ကပ်ရောဂါကာကွယ်ရေးနဲ့ ကူးစက်ရောဂါ မဖြစ်ပွားစေရေး၊ ဘေးအန္တရာယ် အကဲဖြတ်ခြင်းနဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ခြင်းတွေမှာ ကျွမ်းကျင်သူအဖွဲ့တွေကို စေလွှတ်ထားပါတယ်လို့လည်း ဆိုပါတယ်။
Source: Reuters