DVB Logo
Home
မြန်မာသတင်း
သရက်ချောင်း၊ ပဲဒက်ရွာတွင် KNU ဖမ်းထားသည့် ရဲမှူးမိန်းမနှင့် သမီးကို ပြန်လွှတ်ပေး
DVB
·
May 21, 2025
သရက်ချောင်း၊ ပဲဒက်ရွာတွင် KNU ဖမ်းထားသည့် ရဲမှူးမိန်းမနှင့် သမီးကို ပြန်လွှတ်ပေး
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာမှာ KNU တပ်မဟာ ၄၊ တပ်ရင်း ၁၂ က ဖမ်းဆီးထားတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲမှူးရဲ့မိန်းမနဲ့ သမီးဖြစ်သူတို့ကို  ရပ်မိရပ်ဖတွေရဲ့ အာမခံချက်နဲ့ မေ ၂၀ ရက် ၉ နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပဲဒက်ရွာခံတွေက ပြောပါတယ်။

မေ ၁၆ ရက်မှာ KNU တပ်မဟာ ၄၊ တပ်ရင်း ၁၂ စစ်ကြောင်းမှူး ထူးကပေါ်က ပဲဒက်ရွာမှာ ရောက်နေတဲ့ ရဲမှူးမိန်းမနဲ့ သမီးကို ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

အဆိုပါ ရဲမှူးရဲ့ မိန်းမဖြစ်သူမှာ ပဲဒက်ရွာသူဖြစ်ကာ ရဲမှူးက NLD အစိုးရလက်ထက် ပဲဒက်ရွာမှာ တာဝန်ကျဖူးပြီး အခုလက်ရှိမှာတော့ ပဲခူးတိုင်းတနေရာမှာ တာဝန်ထမ်းဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ရဲမှူးရဲ့မိန်းမနဲ့ သမီးက ပဲဒက်မှာ တိုက်ပွဲဖြစ်တော့ ရှောင်သွားကြတာ။ ပဲဒက်သူ ဆိုတော့ တိုက်ပွဲပြီးလို့ ရွာက ရပ်မိရပ်ဖတွေကို အကြောင်းမကြားဘဲ ပြန်လာတာ။ ရပ်မိရပ်ဖတွေနဲ့ ရွာမှာရှိတဲ့အဖွဲ့တချို့က လက်ခံပေမဲ့ တချို့အဖွဲ့တွေက လက်မခံဘူး။ ဒီမှာ စစ်ကြောင်းမှူး ထူးကပေါ်က ပဲဒက်ရွာကို ရောက်လာပြီး ရဲမှူးမိန်းမနဲ့ သမီးကို ဖမ်းသွားပြီး လက်ခံတဲ့သူတွေကိုလည်း ရိုက်နှက်သွားတယ်” လို့ ပြောပါတယ်။

ရပ်မိရပ်ဖတွေနဲ့ ဒေါင်းမင်းစစ်ဆင်ရေး တာဝန်ခံတယောက်ကို KNU စစ်ကြောင်းမှူး ထူးကပေါ်က   ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ရိုက်ခံထိတဲ့သူတွေဆီက သိရပါတယ်။

ဒေါင်းမင်းစစ်ဆင်ရေးမှ ထောက်ပို့တပ်ခွဲမှူးတယောက်က “ကျနော့်မှာက ၉ ချက်နီးပါး ရိုက်ခံထိတယ်။ တုတ်နဲ့ နှစ်ယောက်၊ သုံးယောက် ရိုက်တယ်။ ရပ်မိရပ်ဖနဲ့ လမ်းသွားလမ်းလာ တချို့လည်း ရိုက်ခံထိတယ်။ ဒီကိစ္စကိုလည်း ကျနော်တို့ အထက်ကို စာတင်ထားပါတယ်” လို့ ပြောပါတယ်။

ဒီဖြစ်စဥ်အပေါ်မှာ KNU တပ်မဟာ ၄၊ တပ်ရင်း ၁၂ စစ်ကြောင်းမှူး ထူးကပေါ်ကို KNU တပ်မဟာ ၄ ကနေပြီး စုံစမ်းစစ်ဆေး အရေးယူနေတယ်လို့ KNU နဲ့ နီးစပ်သူတယောက်က ပြောပေမဲ့ အသေးစိတ် သိရှိနိုင်အောင် KNU ကို ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013