DVB Logo
Home
နိုင်ငံတကာ
ဟွန်ဒါက လျှပ်စစ်ကားထုတ်လုပ်မှု လျှော့ချပြီး ဟိုက်ဘရစ်ကား တိုးထုတ်မည်
DVB
·
May 21, 2025
ဟွန်ဒါက လျှပ်စစ်ကားထုတ်လုပ်မှု လျှော့ချပြီး ဟိုက်ဘရစ်ကား တိုးထုတ်မည်
Donate to DVB

ဟွန်ဒါမော်တော် ကော်ပိုရေးရှင်းဟာ ဝယ်လိုအားနှေးတဲ့ လျှပ်စစ်ကားတွေအတွက် ရင်းနှီးမြှုပ်နှံမှုကို ပြန်လျှော့ချပြီး ဟိုက်ဘရစ်ကား မော်ဒယ်အသစ်တွေအတွက် စျေးဝယ် ဝယ်လိုအား တိုးနေတာကို အမိအရ ဖမ်းဆုပ်ဖို့ အာရုံစိုက်မယ်လို့ မေ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။

ဟွန်ဒါဟာ ၂၀၃၀ ပြည့်နှစ်အထိ စီးပွားရေးနှစ်တလျှောက် လျှပ်စစ်နဲ့ ဆော့ဖ်ဝဲလ်ပိုင်းမှာ စီစဉ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုကို ယန်း ၁၀ ထရီလီယံကနေ ၇ ထရီလီယံ (ဒေါ်လာ ၄၈ ဒသမ ၄ ဘီလီယံ) ထိ လျှော့ချလိုက်တယ်လို့ ဟွန်ဒါရဲ့ အမှုဆောင်အရာရှိချုပ် စီအီးအို တိုရှိဟိရို မိဘေက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဟွန်ဒါက ၂၀၃၀ ပြည့်နှစ်မှာ ဟိုက်ဘရစ်ကားအစီးရေ ၂ ဒသမ ၂ သန်းကနေ ၂ ဒသမ ၃ သန်းအထိ ရောင်းဖို့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။ အဲဒီနှစ်အတွက် စုစုပေါင်းရောင်းရငွေ လျာထားချက်ကိုတော့ မထုတ်ပြန်ပါဘူး။

၂၀၂၇ ခုနှစ်ကနေ ၄ နှစ်အတွင်း ကမ္ဘာတဝန်းမှာ မျိုးဆက်သစ် ဟိုက်ဘရစ်မော်ဒယ် ၁၃ မျိုးကို မိတ်ဆက်ဖို့ ဟွန်ဒါက စီစဉ်ထားပါတယ်။

ဆယ်စုနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ဖြန့်ချိမယ့် အရွယ်အစားကြီး မော်ဒယ်တွေအတွက် ဟိုက်ဘရစ်စနစ်ကိုလည်း တီထွင်မယ်လို့ ဆိုပါတယ်။

လျှပ်စစ်ကားဝယ်လိုအား နှေးကွေးနေတာကြောင့် ကနေဒါနိုင်ငံ၊ အွန်တေရီအိုမြို့မှာ EV ထုတ်လုပ်မှု အခြေစိုက်စခန်း တည်ဆောက်မယ့် ကနေဒါဒေါ်လာ ၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇ ဘီလီယံ) တန် စီမံကိန်းကို ၂ နှစ်လောက် ဆိုင်းငံ့ထားလိုက်ပြီလို့ ဟွန်ဒါက အခုလအစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ဟွန်ဒါက ၂၀၄၀ ပြည့်နှစ်မှာ ကားသစ်ရောင်းချမှုအားလုံးမှာ ဘက်ထရီစွမ်းအင်သုံးကားတွေနဲ့ လောင်စာဆဲလ်သုံး မော်တော်ကားတွေ ထားဖို့ကိုတော့ စီစဉ်နေသေးတယ်လို့လည်း ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013