DVB Logo
Home
နိုင်ငံတကာ
အယ်လ်ဆာဗေးဒိုး အဂတိလိုက်စားမှုတိုက်ဖျက်ရေး‌ရှေ့နေကို ငွေအလွဲသုံးစားမှုဖြင့် ဖမ်းဆီး
DVB
·
May 21, 2025
အယ်လ်ဆာဗေးဒိုး အဂတိလိုက်စားမှုတိုက်ဖျက်ရေး‌ရှေ့နေကို ငွေအလွဲသုံးစားမှုဖြင့် ဖမ်းဆီး
Donate to DVB

အယ်လ်ဆာဗေးဒိုး အာဏာပိုင်တွေဟာ နာမည်ကြီး လူ့အခွင့်အရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ရှေ့နေရုသ်လိုပက်ဇ်ကို သူ နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ချိန်က ဘဏ္ဍာငွေ အလွဲသုံးစားလုပ်မှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးလိုက်ပါတယ်။

ရုသ်လိုပက်ဇ်ဟာ အယ်လ်ဆာဗေးဒိုးနိုင်ငံက အစိုးရမဟုတ်တဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေထဲက ထိပ်တန်းအဖွဲ့တခုဖြစ်တဲ့ ခရစ္စတိုဆဲလ်အဖွဲ့ရဲ့ အဂတိလိုက်စားမှုနဲ့ တရားမျှတမှုဆိုင်ရာ ဒါရိုက်တာဖြစ်ပါတယ်။ သူ့ကို ရဲတွေက မေ ၁၈ ရက်က သူ့နေအိမ်မှာ ဖမ်းဆီးခဲ့တာပါ။

ခရစ္စ်တိုဆဲလ်အဖွဲ့ဟာ သမ္မတ နာယစ်ဘ်ဘူကီလီရဲ့ သဘောထားတင်းမာတဲ့ လုံခြုံရေးမူဝါဒတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အယ်လ်ဆာဗေးဒိုးအစိုးရက ပြည်သူ့ဘဏ္ဍာငွေတွေကို ပုံမှန်မဟုတ်တဲ့ အသုံးပြုမှုတွေ လုပ်နေနိုင်ကြောင်း ပြောဆို သတိပေးခဲ့ပါတယ်။

ခရစ္စတိုဆဲလ်အဖွဲ့ဟာ လိုပက်ဇ် အဖမ်းခံရမှုကို ရှုတ်ချခဲ့ပြီး ဒါဟာ လူ့အခွင့်အရေးကာကွယ်သူတွေကို ညှဉ်းပန်းနှိပ်စက်၊ အသံတိတ် နှုတ်ပိတ်ပြီး ရာဇ၀တ်မှု ကျူးလွန်ဖို့ နာယစ်ဘ်ဘူကီလီ အစိုးရရဲ့ စနစ်တကျ မဟာဗျူဟာရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ရှေ့နေချုပ်ရုံးဟာ လိုပက်ဇ်ကို အယ်လ်ဆာဗေးဒိုး ရွေးကောက်ပွဲခုံရုံးရဲ့ ဥက္ကဋ္ဌဟောင်း ယူဟဲနီးရိုး ချီကာစ်ရဲ့ အမှုတခုနဲ့ ချိတ်ဆက်ထားတာဖြစ်ပြီး ချီကာစ်ဟာ တရားမဝင်ကြွယ်ဝမှု စွပ်စွဲချက်နဲ့ ဖေဖော်ဝါရီလက ဖမ်းဆီးခံထားရပါတယ်။

ချီကာစ်ကတော့ အမှားအယွင်း မလုပ်ထားကြောင်း ငြင်းဆိုထားပြီး ရုံးတင်စစ်ဆေးခြင်းကို စောင့်ဆိုင်းနေတာပါ။

ချီကာစ်ဟာ နိုင်ငံကို ၂၀၁၄ မှ ၂၀၁၉ ခုနှစ်အထိ ဦးဆောင်ခဲ့တဲ့ သမ္မတဟောင်း ဆန်ချက်စ် စယ်ရန် သတင်းစာရှင်းလင်းပွဲ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ဘူကီလီဟာ တရားစီရင်ရေးစနစ်ကို ပူးပေါင်းရွေးချယ်ပြီး နှစ်ရှည် ကြာမြင့်နေတဲ့ အရေးပေါ်အခြေအနေမှာ အပြစ်မဲ့သူတွေကို ဖမ်းဆီးထောင်ချခဲ့ကြောင်း စွပ်စွဲထားပါတယ်။

ဘူကီလီ ကတော့ ဒီစွပ်စွဲချက်ကို ပယ်ချပြီး နိုင်ငံကို လုံခြုံအောင် လုပ်ထားတယ်လို့ ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013