DVB Logo
Home
မြန်မာသတင်း
မြန်မာ ၄ ဦးပါ သင်္ဘောပေါ်မှ ဒေါ်လာ ၄၂၅ သန်းတန်ဖိုးရှိ  မူးယစ်ဆေးများ အင်ဒိုနီးရှားရေတပ် ဖမ်းမိ 
DVB
·
May 20, 2025
မြန်မာ ၄ ဦးပါ သင်္ဘောပေါ်မှ ဒေါ်လာ ၄၂၅ သန်းတန်ဖိုးရှိ  မူးယစ်ဆေးများ အင်ဒိုနီးရှားရေတပ် ဖမ်းမိ 
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ၊ စူမားတြား ကမ်းလွန်ပင်လယ်ပြင်မှာ ထိုင်းနိုင်ငံတော်အလံလွှင့်ထူပြီး မြန်မာတွေ ပါလာတဲ့ သင်္ဘောတစီးပေါ်ကနေ အမေရိကန်ဒေါ်လာ ၄၂၅ သန်းတန် မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိကြောင်း အင်ဒိုနီးရှားရေတပ်က မေ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အဆိုပါသင်္ဘောဟာ ရိယောင်းကျွန်းစုအနီး ခါလီမွန်းပင်လယ်အော်အနီးမှာ မီးတွေပိတ်ပြီး အမြန်ခုတ်မောင်းနေတာကြောင့် အင်ဒိုနီးရှား‌ရေတပ်ဖွဲ့ဝင်တွေက မသင်္ကာဘဲ တားဆီးစစ်ဆေးခဲ့တာမှာ သင်္ဘောပေါ်မှာ ငါးဖမ်းကိရိယာ တစုံတရာမပါဘဲ အဝါရောင်အိတ်ပေါင်း  ၁၀၀ ကိုသာ တွေ့ရှိခဲ့ပါတယ်။

အဲဒီအိတ်တွေထဲမှာတော့ ကိုကင်း အလေးချိန် ၁ ဒသမ ၂ တန်၊ မက်သာအဖက်တမင်း စိတ်ကြွဆေး အလေးချိန် ၇၀၅ ကီလိုဂရမ်ပါရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၂၅ သန်း၊ အင်ဒိုနီးရှား ရူပီးငွေ သန်းပေါင်း ၇ သန်းခန့်၊ ထိုင်းဘတ်ငွေ ၁၄,၂၀၃ သန်း ရှိမယ်လို့ ခန့်မှန်းပါတယ်။

Aungtoetoe99 လို့ အမည်ရှိတဲ့ အဆိုပါသင်္ဘောပေါ်မှာ ထိုင်းအမျိုးသားတယောက်၊ မြန်မာ ၄ ယောက် လိုက်ပါလာတယ်၊ သူတို့မှာ  မှတ်ပုံတင်အထောက်အထား မရှိဘူးလို့ ဆိုပါတယ်။

အင်ဒိုနီးရှားရေတပ်က ထိုင်းရေကြောင်းထိန်းသိမ်းရေးကွပ်ကဲမှုဌာန (Thai-MECC) ထံ အကြောင်းကြားထားတာကြောင့် ထိုင်းဘက်ကလည်း သင်္ဘောနဲ့ပတ်သက်တဲ့ အချက်အလက်တွေ စစ်ဆေးရာမှာ ထိုင်းသင်္ဘောတွေထဲမှာ Aungtoetoe99 ဆိုတဲ့ သင်္ဘောမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

နှစ်နိုင်ငံ တာဝန်ရှိသူတွေဟာ အဆိုပါသင်္ဘောနဲ့ပတ်သက်တဲ့ အချက်အလက်၊ သင်္ဘောပေါ် ပါလာသူတွေနဲ့ မူးယစ်ဆေးဝါး လာရာလမ်းကြောင်း အရင်းအမြစ်ကို ဆက်လက်စုံစမ်း ထောက်လှမ်းနေတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် ထိရောက်စွာနှိမ်နင်းပြီး သေဒဏ် အပြစ်ပေးလေ့ရှိတယ်လို့ Thairath ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Source: Thairath / 3PLUS News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013