DVB Logo
Home
နိုင်ငံတကာ
ဆူဒန်မြို့တော်၌ မပေါက်ကွဲသေးသည့် ခဲယမ်းမီးကျောက်များ ပြန့်ကျဲနေ
DVB
·
May 20, 2025
ဆူဒန်မြို့တော်၌ မပေါက်ကွဲသေးသည့် ခဲယမ်းမီးကျောက်များ ပြန့်ကျဲနေ
Donate to DVB

ဆူဒန်နိုင်ငံ၊ ခါတွန်မြို့၊ အာမာရတ်ခရိုင်က မူလတန်းကျောင်းမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်ဆန်အခွံတခု တွေ့ရှိခဲ့ပါတယ်။

၂ နှစ်ကြာ ပြည်တွင်းစစ်အပြီး စစ်တပ်က ပြန်သိမ်းယူခဲ့တဲ့ အဆောက်အအုံတွေကို ပြန်စစ်နေချိန် အဝတ်ဟောင်းပုံအောက်မှာ တွေ့တာဖြစ်ပါတယ်။

အသက် ၆၂ နှစ်ရှိတဲ့ အဘ်ဒယ်လာဇစ် အလီက “ကျည်ဆန်တွေ၊ RPG ဗုံးသီးတွေ၊ ဒုံးကျည်တွေနဲ့ တခြားဖောက်ခွဲရေးပစ္စည်းတွေ အပြည့်ထည့်ထားတဲ့ ကုန်သေတ္တာ ၂ လုံးစာကို နေ့တိုင်းတွေ့နေရတယ်” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလ ပဋိပက္ခမစတင်မီ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းအပြင်ဘက်ကနေ သူက ပြောတာပါ။

အဲဒီကျောင်းမှာ အမြန်ထောက်ပံ့ရေးတပ် RSF က အရန်တပ်သားတွေ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။

RSF က ကွပ်ကဲတဲ့ အဆောက်အအုံတွေဆီ ပြန်လာတဲ့ ပြည်သူတွေနေတဲ့ မြို့တလွှားက ဆိုင်တွေ ကျောင်းတွေ အိမ်တွေနဲ့ လမ်းတွေမှာ ခဲယမ်းမီးကျောက်တွေနဲ့ ဒုံးကျည်တွေ ပြန့်ကျဲနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဆူဒန်နဲ့ ကုလသမဂ္ဂ ရှင်းလင်းရေးအဖွဲ့တွေက လုံခြုံရေးအတွက် ကြိုးပမ်းနေပါတယ်။ အထူးသဖြင့် အမေရိကန်ရဲ့ အကူအညီဖြတ်တောက်မှုကြောင့် ဝန်ထမ်းတွေနဲ့ ရန်ပုံငွေတွေ ပိုလိုအပ်နေတယ်လို့လည်း သူတို့က ပြောပါတယ်။

စစ်တပ်နဲ့ RSF တို့ကို ပေါင်းစည်းမယ့် အစီအစဉ်တွေကနေ စခဲ့တဲ့ ပဋိပက္ခအတွင်း ခါတွန်မ်နဲ့ ဆူဒန်အလယ်ပိုင်း ဒေသအများစုကို စစ်တပ်က ပြန်သိမ်းယူပြီးတဲ့နောက် လူတသိန်းကျော် သူတို့နေရပ်ဆီ ပြန်လာခဲ့ကြပါတယ်။

RSF ဟာ အနောက်ဆူဒန်ရဲ့ ကြီးမားတဲ့ ဧရိယာတွေကို သိမ်းပိုက်ထားဆဲဖြစ်ပြီး မြေပြင်ကျူးကျော်မှုတွေကနေ စစ်တပ်ထိန်းချုပ်ထားတဲ့ ဒေသတွေက အခြေခံ အဆောက်အအုံတွေကို မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခြင်းအဖြစ် နည်းဗျူဟာ ပြောင်းခဲ့ပါတယ်။

စစ်ပွဲအတွင်း စက်ပစ္စည်းပေါင်း ၁၂,၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရတယ်လို့ ဆူဒန် အမျိုးသား မိုင်းလှုပ်ရှားမှုစင်တာက ပြောပါတယ်။

ပြန်သိမ်းယူထားတဲ့ နယ်မြေဆီ စစ်ဆင်ရေးတွေ တိုးချဲ့လာပြီးတဲ့နောက် ထောင်နဲ့ချီတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ထပ်တွေ့ခဲ့တယ်လို့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ခါလဒ် ဟမ်ဒန်က ပြောပါတယ်။

မကြာသေးမီ သီတင်းပတ်တွေအတွင်း ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၁၆ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တာပါ။ အမှန်တကယ် သေဆုံးသူဦးရေ ပိုများလာမှာကို စိုးရိမ်နေကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013