DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတိုက်ခိုက်ရေးသင်တန်းကျောင်း ရှော့တိုက်ဒုံးဖြင့်ပစ်ခံရ
DVB
·
May 19, 2025
စစ်ကောင်စီတိုက်ခိုက်ရေးသင်တန်းကျောင်း ရှော့တိုက်ဒုံးဖြင့်ပစ်ခံရ
Donate to DVB

ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်မတော်(ကြည်း) တိုက်ခိုက်ရေး သင်တန်းကျောင်း(ဘုရင့်နောင်)ကို ၁၉ ရက် ဒီမနက်အစောပိုင်းမှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

အဲဒီကျောင်းကို ပထမဆုံးအကြိမ်တိုက်ခိုက်တာဖြစ်ပြီး ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်တာမှာ ၄ လုံး အောင်အောင်မြင်မြင်ပစ်ခတ်နိုင်ခဲ့ပြီးတော့ BWM နဲ့ မဟာမိတ် အဖွဲ့တွေဖြစ်တဲ့ Mountain Knight Civillian Defense Force(MKCDF)၊ Anti-Coup People’s Liberation Force(ACPLF)နဲ့ KNLA တပ်မဟာ ၂ တပ်ရင်း ၅ တို့ပူးပေါင်းတိုက်ခိုက်တာ လို့ သိရပါတယ်။

တိုက်ခိုက်မှုမှာပါဝင်တဲ့ Brave Warriors for Myanmar(BWM) တပ်ဖွဲ့ တာဝန်ရှိသူတယောက်က “စစ်ကောင်စီ တပ်ဖွဲ့အသီးအသီးအတွက် တိုက်ခိုက်ရေးခေါင်းဆောင်တွေကို မွေးထုတ်ပေးနေတဲ့ သင်တန်းကျောင်းဖြစ်တာကြောင့် စစ်ကောင်စီယန္တရားအတွက် အလွန်အရေးပါတဲ့ကျောင်းဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေလည်း နေ့နေညည မလုံခြုံတဲ့စိတ်ကို ပေးနေဖို့လည်း ရည်ရွယ်ပါတယ်” လို့ DVB ကိုပြောပါတယ်။

အဲဒီသင်တန်းကျောင်းဟာ စစ်ကောင်စီရဲ့ အောက်မြန်မာပြည် တပ်ရင်းတပ်ဖွဲ့တွေကို ဦးဆောင်နေတဲ့ အရာရှိတွေအတွက် တပ်စုမှူး၊ တပ်ခွဲမှူးနဲ့ တပ်ရင်းမှူးသင်တန်းတွေပေးပြီး တိုက်ခိုက်ရေးပညာတွေကို အဓိကသင်ကြားနေတဲ့ကျောင်းလို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာ မနေ့မနက်ကလည်း တောင်ငူမြို့က စစ်ကောင်စီရဲ့ ကေတုမတီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လေယာဉ် ၃ စင်း ပျက်စီးပြီး လေတပ်အရာရှိ ဒုတိယဗိုလ်မှူးကြီး ၂ ယောက်အပါအဝင် ၁၀ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013