DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်တွင် ဖမ်းမိသည့် စစ်သုံ့ပန်းမိသားစုဝင် ၃၀၀ ကျော်ကို AA ပြန်လွှတ်ပေး
DVB
·
May 19, 2025
ဘူးသီးတောင်တွင် ဖမ်းမိသည့် စစ်သုံ့ပန်းမိသားစုဝင် ၃၀၀ ကျော်ကို AA ပြန်လွှတ်ပေး
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သုံ့ပန်း မိသားစုဝင် ၃၀၀ ကျော်ကို ဘူးသီးတောင်မြို့သိမ်းအောင်ပွဲ ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မေ ၁၈ ရက်မှာ အာရက္ခတပ်တော် (AA) က ပြန်လွှတ်ပေးလိုက်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲမှာ စကခ ၁၅ နဲ့ ခမရ ၅၅၁ တပ်ရင်းတွေက ဖမ်းဆီးရခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေထဲက ရခိုင်လူမျိုးတွေနဲ့ မျိုးနွယ်စုဝင် သက္ကမလူမျိုး၊ ခမီလူမျိုး၊ မြိုလူမျိုး၊ သက်လူမျိုး ၃၁၄ ယောက်တို့ကို အခမ်းအနားပြုလုပ်ပြီး မိသားစုတွေလက်ကို လွှဲပြောင်းပေးလိုက်တာလို့ AA နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်းတွေကတော့ ရခိုင်လူမျိုးတွေ ဖြစ်ကြတယ်။ အထူးသဖြင့် သူတို့ရဲ့ လုံခြုံမှုအရ လွတ်မြောက်နယ်မြေက စိတ်ချရတဲ့သူတွေကို ဘူးသီးတောင် သိမ်းပိုက်ခြင်း တနှစ်ပြည့်အနေနဲ့ မနေ့က အခမ်းအနားပြုလုပ်ပြီး မိသားစုဝင်တွေလက်ထဲကို လွှဲပြောင်းလိုက်တာ ဖြစ်တယ်။ ကျန်တဲ့သူတွေကိုလည်း လုံခြုံရေးစိတ်ချရရင် လွှတ်ပေးသွားမယ့် အစီအစဉ်တွေ ရှိပါတယ်။”

အခုလွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်း မိသားစုဝင်တွေထဲမှာ ကလေးငယ်တွေ၊ အမျိုးသမီးနဲ့ သက်ကြီးအိုရွယ်တွေကို ဦးစားပေး လွှတ်ပေးတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်ကလည်း မင်းပြားမြို့ မြို့သိမ်းတိုက်ပွဲအတွင်းက ဖမ်းဆီးမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင် ၂၀၀ ကျော်ကို ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အခမ်းအနားတွေ ပြုလုပ်ပြီး သူတို့ရဲ့ ဇာတိရွာတွေကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။

အာရက္ခတပ်တော်က ရခိုင်တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစုဝင်တွေကို ၅ ကြိမ်ထက်မနည်း လွတ်ငြိမ်းချမ်သာခွင့်နဲ့ ပြန်လည်လွှတ်ပေးထားပြီးတော့ လူဦးရေ ၁,၀၀၀ ကျော်အထိ လွှတ်ပေးထားပြီးလည်း ဖြစ်ပါတယ်။

ရခိုင်တိုက်ပွဲအတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၅ ခုအထိ သိမ်းပိုက်ထားပြီး လက်ရှိမှာ ရခိုင်ပြည်နယ်က စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့မှာလည်း နှစ်ဖက် စစ်ရေးတင်းမာနေကြတဲ့ အနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်။

Photo: APM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013