DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်နှင့် ချင်းမိုင် စားသောက်ဆိုင်များတွင် မြန်မာလုပ်သား ၇ ဦး ဖမ်းဆီးခံရ 
DVB
·
May 19, 2025
ဘန်ကောက်နှင့် ချင်းမိုင် စားသောက်ဆိုင်များတွင် မြန်မာလုပ်သား ၇ ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့တွေရှိ စားသောက်ဆိုင်တွေမှာ တရားမဝင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၇ ယောက် ဖမ်းဆီးခံရတယ်လို့  Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အမှတ် ၁ တိုင်းဒေသ လဝက ရဲတပ်ဖွဲ့ဝင်တွေဟာ တရားမဝင်အလုပ်သမား နှိမ်နင်းရေးစီမံချက် အရှိန်မြှင့်တဲ့အနေနဲ့ မေ ၁၇ ရက်က ဘန်ကောက် ဟွေ့ခဝမ်နယ်မြေ Royal City Avenue (RCA) အနီး Nineyard စားသောက်ဆိုင်တန်းကို ဝင်ရောက်စစ်ဆေးခဲ့တယ်။

တရုတ်ဘာသာနဲ့ ဆိုင်းဘုတ်ကြော်ငြာထားတဲ့ စားသောက်ဆိုင်တဆိုင်မှာ ဆိုင်ပိုင်ရှင်ဟာ တရုတ်နိုင်ငံသား ဖြစ်မယ်လို့ ယူဆရတဲ့အတွက် ဆိုင်ထဲ ဝင်ရောက်စစ်ဆေးရာမှာ ဆိုင်ရှင်ကိုတော့ မတွေ့ရဘဲ အလုပ်သမား ၅ ယောက် အလုပ်လုပ်နေတာ တွေ့ရတယ်၊ အဆိုပါ အလုပ်သမား ၅ ယောက်မှာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး အထောက်အထားမရှိသူ၊ အလုပ်သမားမှတ်ပုံတင် မရှိသူတွေဖြစ်လို့ ဖမ်းဆီးပြီး တည်ဆဲဥပဒေတွေနဲ့ အရေးယူဖို့ ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင် မေ ၁၅ ရက်ကလည်း ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ဖားဟမ့်ရပ်ကွက်ထဲက စားသောက်ဆိုင်တဆိုင်မှာ ဥပဒေနဲ့မညီညွတ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

အဆိုပါ အလုပ်သမား ၂ ယောက်ကတော့ အလုပ်သမားကတ်ရှိပေမဲ့ အလုပ်ရှင် မတူ၊ လုပ်ငန်းတည်နေရာ မတူ၊ အလုပ်ရှင်/အလုပ်နေရာ ပြောင်းလဲကြောင်း သက်ဆိုင်ရာကို အကြောင်းမကြားတာကြောင့် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

အလုပ်သမားတွေကတော့ အရင်အလုပ်ရှင်က အလုပ်ပါးနေလို့ အလုပ်မလုပ်ရတာကြောင့် အဲဒီနေရာမှာ လာလုပ်နေတာ မကြာသေးဘူး၊ လုပ်အားခ တလ ဘတ် ၁၃,၀၀၀ ရတယ်လို့ ပြောပါတယ်။

တာဝန်ရှိသူတွေက သူတို့ကို ဖမ်းဆီးပြီး မဲ့ပင်းနယ်မြေရဲစခန်းမှာ သွားရောက်အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

ထိုင်းအလယ်ပိုင်း စမွတ်ပရကန်ခရိုင်၊ ဘန်ဖရီမြို့ သားငါးနဲ့ ကုန်စိမ်းဈေးထဲမှာလည်း မေ ၁၆ ရက်က လဝက၊ နယ်မြေခံရဲနဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးတာမှာ ဥပဒေနဲ့မညီညွတ်တဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၁ ယောက် ဖမ်းဆီးရမိတယ်၊ အဲဒီထဲမှာ မြန်မာလုပ်သား ၃ ယောက် ပါတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားတွေသာ လုပ်ပိုင်ခွင့်ရှိတဲ့ အလုပ်တွေကို ဝင်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ၊ နိုင်ငံခြားသားတွေကို စစ်ဆေးဖမ်းဆီးနေတာမှာ ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာမှ ၂၀၂၅ မေ ၁၃ ရက်ထိ လုပ်ငန်းခွင်ပေါင်း ၄၃,၈၃၂ နေရာ စစ်ဆေးပြီး ဥပဒေနဲ့မညီတဲ့ အလုပ်နေရာ ၁,၄၄၂ နေရာ အရေးယူခဲ့တယ်၊ ရွှေ့ပြောင်းအလုပ်သမား ၅၉၁,၃၁၅ ယောက်ကို စစ်ဆေးပြီး ဥပဒေနဲ့ မညီညွတ်သူပေါင်း  ၂,၇၈၉ ‌ ယောက်ကို အရေးယူခဲ့တယ်၊ အဲဒီထဲမှာ ရွှေ့ပြောင်းအလုပ်သမား ၁,၅၅၈ ယောက် ပါဝင်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Source: khaosod thai News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013