
လိုင်လီတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်အသင်း ၂ သင်းက အပြိုင်ကြိုးပမ်းနေကြပါတယ်။
အသက် ၂၅ နှစ်ရှိ ကနေဒါတိုက်စစ်မှူးဟာ ပြင်သစ်ကလပ် လိုင်လီနဲ့ ပြိုင်ပွဲစုံ ၄၉ ပွဲမှာ ၂၅ ဂိုးသွင်း ၁၂ ကြိမ် ဂိုးဖန်တီးမှုပြုလုပ်ပြီး ကစားသမားဘဝသက်တမ်းတလျှောက် အကောင်းဆုံး စွမ်းဆောင်ရည် ရရှိနေတာပါ။
သူဟာ လိုင်လီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းကနေ ထွက်ခွာမယ်လို့ အတည်ပြုထားပြီး ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ အက်စ်တန်ဗီလာနဲ့ တော့တင်ဟမ်ဟော့စပါး တို့က ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ပြင်သစ်မီဒီယာတွေက ဖော်ပြကြပါတယ်။
ပေါင်သန်း ၅၀ ခန့် တန်ကြေးရှိတဲ့ ကနေဒါတိုက်စစ်မှူးကို အီတလီစီးရီးအေကလပ်တွေဖြစ်တဲ့ နာပိုလီနဲ့ ဂျူဗင်တပ်အသင်းတွေကလည်း ခေါ်ယူလိုနေပြီး ပရီးမီးယားလိဂ် ၂ သင်းနဲ့ အပြိုင်ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။