DVB Logo
Home
အားကစား
လိုင်လီတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်ကို ခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ် ၂ သင်း အပြိုင်ကြိုးပမ်း
DVB
·
May 19, 2025
လိုင်လီတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်ကို ခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ် ၂ သင်း အပြိုင်ကြိုးပမ်း
Donate to DVB

လိုင်လီတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်အသင်း ၂ သင်းက အပြိုင်ကြိုးပမ်းနေကြပါတယ်။

အသက် ၂၅ နှစ်ရှိ ကနေဒါတိုက်စစ်မှူးဟာ ပြင်သစ်ကလပ် လိုင်လီနဲ့ ပြိုင်ပွဲစုံ ၄၉ ပွဲမှာ ၂၅ ဂိုးသွင်း ၁၂ ကြိမ် ဂိုးဖန်တီးမှုပြုလုပ်ပြီး ကစားသမားဘဝသက်တမ်းတလျှောက် အကောင်းဆုံး စွမ်းဆောင်ရည် ရရှိနေတာပါ။

သူဟာ လိုင်လီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းကနေ ထွက်ခွာမယ်လို့ အတည်ပြုထားပြီး ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ အက်စ်တန်ဗီလာနဲ့ တော့တင်ဟမ်ဟော့စပါး တို့က ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ပြင်သစ်မီဒီယာတွေက ဖော်ပြကြပါတယ်။

ပေါင်သန်း ၅၀ ခန့် တန်ကြေးရှိတဲ့ ကနေဒါတိုက်စစ်မှူးကို အီတလီစီးရီးအေကလပ်တွေဖြစ်တဲ့ နာပိုလီနဲ့ ဂျူဗင်တပ်အသင်းတွေကလည်း ခေါ်ယူလိုနေပြီး ပရီးမီးယားလိဂ် ၂ သင်းနဲ့ အပြိုင်ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013