
နောင်ချိုမြို့နယ်တို့ကို စစ်ကောင်စီက အသေခံဒရုန်းတွေနဲ့ လာရောက်ဗုံးကြဲခ့တယ်လို့ တအာင်းတပ်မတော်က ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ သုံးဆယ်ရွာကို မေ ၁၆ ရက်က တိုက်ပွဲမရှိဘဲ အသေခံဒရုန်းနဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
မနက် ၉ နာရီ ၄၅ မိနစ်၊ ၉ နာရီ ၅၅ မိနစ်မှာ အသေခံဒရုန်းတွေနဲ့ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မေ ၁၃ ရက် ည ၉ နာရီခွဲလောက်ကလည်း နောင်ချိုမြို့နယ်၊ နယ်မြေ ၁၀ စျေးရပ်ကွက်ကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတလုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့လို့ အိမ် ၇ လုံး ပျက်စီးခဲ့သေးပြီး မေ ၁၄ ရက်ညနေပိုင်းကလည်း နောင်ချိုကို ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချခဲ့ပါသေးတယ်။
ငလျင်ဘေးကူညီကယ်ဆယ်ဖို့နဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နိုင်ရေး တိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာ ထိုးစစ်တွေမလုပ်ဘဲ တဖက်သတ်အပစ်ရပ်တာ ကို နောက်ထပ် ၁ လ သက်တမ်းတိုးတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က မေ ၁ ရက်မှာ ထုတ်ပြန်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ကတော့ မေ ၁ ရက်ကနေ ၁၆ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၅ ကြိမ် လုပ်ခဲ့ပြီး ပြည်သူ ၆ ယောက်သေ၊ ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်ကိုယ်တိုင်ကလည်း မေ ၆ ကနေ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်း ၁ လ ထပ်တိုးထားပေမဲ့ တအာင်းပြည်အတွင်းမှာ မြေပြင်ထိုးစစ်ဆင်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်း၊ လေကြောင်းတို့ကနေ နေ့တိုင်း တိုက်ခိုက်နေတာပါ။