မြောက်ဦးတွင် ဗုံးကြဲခံရပြီး အရပ်သား ၆ ဦး သေဆုံး
DVB
·
November 28, 2026

1 / 2
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက် (ရဲမနိုင်စု) ကို စစ်အာဏာရှင်တပ်က ဒီကနေ့ နိုဝင်ဘာ ၂၈ ရက် ညနေ ၄ နာရီ ၅ မိနစ်ဝန်းကျင်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၆ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကနဦး သိရပါတယ်။
တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာ ရပ်ကွက်အတွင်းကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။











