
အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်မှူးခေါ်ယူဖို့အတွက် စံချိန်တင်ငွေကြေးသုံးစွဲနိုင်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
စပိန်နည်းပြဟာ အာဆင်နယ်မှာ ၆ ရာသီကြာကိုင်တွယ်လာပေမဲ့ FA ဖလားတလုံးသာ လက်ဆုပ်လက်ကိုင်ပြထားနိုင်တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
လာမယ့်ရာသီမှာတော့ ဖလားလက်မဲ့အသင်းအဖြစ် ဝေဖန်မှုတွေကို ချေဖျက်နိုင်ဖို့ ကြိုးပမ်းနေပြီး စံချိန်တင် ငွေကြေးသုံးစွဲနိုင်တယ်လို့ နည်းပြအာတေတာက ပြောသွားတာပါ။
ကစားသမားခေါ်ယူဖို့အတွက် ဘတ်ဂျက်က လူတယောက်ရဲ့ မင်္ဂလာပွဲစီစဉ်မှုနဲ့ ဆင်တူပြီး ကိုယ့် မင်္ဂလာဆောင်အတွက် ဘတ်ဂျက်ဆိုတာ ဘယ်တော့မှနည်းသွားတယ်ဆိုတာ မရှိဘဲ အမြဲတမ်း များသွားတာပဲ ရှိကြောင်း နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်ဟာ ဆိုစီဒက်ကွင်းလယ်လူ ဇူဘီမန်ဒီကို ပေါင်သန်း ၅၀ ၀န်းကျင်နဲ့ ခေါ်ယူဖို့ သဘောတူညီမူရထားပြီး စပိုတင်းတိုက်စစ်မှူး ယိုကရက်စ်နဲ့ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ရှက်ကို တို့ထဲက တယောက်ကိုခေါ်ယူဖို့လည်း ပစ်မှတ်ထားကြိုးပမ်းနေပါတယ်။
Photo: Reuters