DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှား ပါပူဝါဒေသတွင် တိုက်ပွဲဖြစ်ပွားပြီး  အရပ်သားအချို့ သေဆုံး
DVB
·
May 17, 2025
အင်ဒိုနီးရှား ပါပူဝါဒေသတွင် တိုက်ပွဲဖြစ်ပွားပြီး  အရပ်သားအချို့ သေဆုံး
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ၊ ပါပူဝါဒေသမှာ စစ်သားတွေနဲ့ အနောက်ပါပူဝါအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TPNPB)အမည်ခံ လက်နက်ကိုင်အဖွဲ့တို့အကြား ပစ်ခတ်မှုအတွင်း အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှားအသင်းတော်များကွန်မြူနတီက မေလ ၁၅ ရက်မှာ ပြောကြားခဲ့ပြီး အသေအပျောက်အရေအတွက် အတိအကျကို ဆက်လက်စုံစမ်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ပါပူဝါဒေသအရှေ့ဖျားမှာ ပြုလုပ်ခဲ့တဲ့စစ်ဆင်ရေးအတွင်း ခွဲထွက်ရေးလှုပ်ရှားတဲ့ လက်နက်ကိုင် သူပုန် ၁၈ ယောက်ကို အင်ဒိုနီးရှား စစ်တပ်က ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့တဲ့အကြောင်း အင်ဒိုနီးရှားတာဝန်ရှိသူတွေကပြောကြားလိုက်ပြီး အရပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့လည်း အတည်ပြုပါတယ်။

ရွာသားတွေ အိပ်ပျော်နေချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ပါပူဝါရှိ ဘုရားကျောင်းခွဲ အကြီးအကဲ ရော်နယ်လ်ရစ်ချတ်တာပီလာတူက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး ပါပူဝါမှာ စစ်ဆင်ရေးအားလုံးကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကြောင်းလည်း ဒေသဘုရားကျောင်းတွေမှ သတင်းတွေကို ကိုးကားပြီး ပြောဆိုခဲ့ပါတယ်။

မနက် ၄ နာရီ ဝန်းကျင်မှာ ရွာမှာ အားလုံးအိပ်ပျော်နေချိန်မှာ သေနတ်နဲ့ ပစ်ခတ်သံကြောင့် အားလုံး လန့်နိုးသွားကြောင်းနဲ့ အမြန်ကယ်ထုတ်ပြီးတော့ တခြားရွာတွေကို ပြေးရတယ် လို့လည်း ဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့ချင်းချင်း အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ကြတာကို မပြောလိုပေမဲ့ အကူအညီမဲ့နေကြတဲ့ အရပ်သားတွေကို စိတ်ပူမိပါတယ်လို့ ပြောပါတယ်။ သေဆုံး ဒဏ်ရာရသူတွေက အရပ်သားတွေဖြစ်နေမှာကို စိုးရိမ်မိကြောင်းလည်း ပြောပါတယ်။

TPNPB သူပုန်တွေဟာ ပါပူဝါနယူးဂီနီနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ သယံဇာတပေါကြွယ်ဝတဲ့ ပါပူဝါဒေသမှာ လွတ်လပ်ရေးရရှိဖို့အတွက်ကြိုးပမ်းနေတာဖြစ်ပါတယ်။

သူပုန်တွေဟာ ၁၉၉၆ ခုနှစ်က တောရိုင်းတိရိစ္ဆာန် သုတေသီ ၂၆ ယောက် ပါဝင်တဲ့ အဖွဲ့တဖွဲ့နဲ့ ၁၉ လကြာ ထိန်းသိမ်းခံထားရပြီးတော့ မနှစ်က ပြန်လွတ်မြောက်လာခဲ့တဲ့ နယူးဇီလန်မှ လေယာဉ်မှူးတယောက်တို့ အပါအဝင် နိုင်ငံခြားသားတွေကို ဓားစာခံတွေအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားပါတယ်။

ပါပူဝါဒေသ လွတ်လပ်ရေးမရရင် သူတို့ကိုလည်း ပြန်မလွှတ်ပေးဘူးလို့ TPNPB သူပုန်ခေါင်းဆောင် အက်ဂီယာနုစ် ကိုဂိုယာက ပြောပါတယ်။ ဒါကြောင့် အင်ဒိုနီးရှားတနိုင်ငံလုံး မျက်စိဖွင့်ထားပြီး ပါပူဝါရဲ့ လွတ်လပ်မှုကို အသိအမှတ်ပြုပေးရမယ်လို့လည်း ဆိုပါတယ်။

အရင်လတုန်းက သူပုန်တွေဟာ လူ ၁၇ ယောက်ထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး သူတို့ဟာ ရွှေတူးလုပ်သားတွေအဖြစ် အသွင်ယူထားတဲ့ စစ်သားတွေဖြစ်တယ်လို့ သူပုန်တွေက ပြောပါတယ်။ 

အင်ဒိုနီးရှားစစ်တပ်ဟာ ကျန်သူပုန်တွေဆီမှ လှုပ်ရှားမှုတွေကို ကြိုတင်ခန့်မှန်းနိုင်ဖို့  ဗုဒ္ဓဟူးနေ့ စစ်ဆင်ရေး ဧရိယာမှာ တပ်ဖွဲ့ဝင်တချို့ကို တပ်ဖြန့်ထားပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013