DVB Logo
Home
နိုင်ငံတကာ
အမေရိကန်ကုန်စည်အပေါ် သွင်းကုန်ခွန်မကောက်ဟု ထရမ့်ပ် ပြောဆိုချက် အိန္ဒိယ ပယ်ချ
DVB
·
May 16, 2025
အမေရိကန်ကုန်စည်အပေါ် သွင်းကုန်ခွန်မကောက်ဟု ထရမ့်ပ် ပြောဆိုချက် အိန္ဒိယ ပယ်ချ
Donate to DVB

အမေရိကန်ကုန်စည်တွေအပေါ် ကောက်ခံမယ့် အခွန်အားလုံးကို အိန္ဒိယအနေနဲ့ ပြန်ရုပ်သိမ်းပေးဖို့ ကမ်းလှမ်းထားကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့ ပင်လယ်ကွေ့ခရီးစဉ်မှာ ပြောကြားသွားပါတယ်။

အဲဒီပြောဆိုချက်ကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်-ဂျေရှန်ကာက ငြင်းဆန်ခဲ့ပြီး ဆက်လက်ညှိနှိုင်းနေဆဲ ဖြစ်သလို “အားလုံး မပြီးမချင်း ဘာဆုံးဖြတ်ချက်မှ မချရသေးဘူး” လို့လည်း တုံ့ပြန်လိုက်ပါတယ်။

ကာတာနိုင်ငံမှာ ရောက်ရှိနေစဉ် ထရမ့်ပ်က ဒေလီဟာ “ကျနော်တို့ကို အခြေခံအားဖြင့် အခွန်လုံးဝမကောက်လိုတဲ့ သဘောတူညီချက်တခု ကမ်းလှမ်းလာခဲ့ပါတယ်” ဆိုပြီး မှတ်ချက်ပေးခဲ့တာပါ။

ဒါ့အပြင် အိန္ဒိယနိုင်ငံမှာ iPhone ထုတ်မယ့်အရေးနဲ့ ပတ်သက်ပြီး ထရမ့်ပ်က “ကမ္ဘာပေါ်မှာ အခွန်စည်းကြပ်မှု အများဆုံးနိုင်ငံတွေထဲက တခုဖြစ်တယ်” လို့ Apple ကုမ္ပဏီရဲ့ စီအီးအို တင်မ်ကွတ်ခ်ကို သတိပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဧပြီလမှာလည်း အမေရိကန်သမ္မတဟာ အိန္ဒိယကုန်စည်တွေအပေါ် ၂၇ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်ဖို့အတွက် ဆုံးဖြတ်ခဲ့ပါသေးတယ်။

ဒါပေမဲ့လည်း ဇူလိုင် ၉ ရက်အထိ ရက် ၉၀ ကြာ ဆိုင်းငံ့ပေးခဲ့တဲ့အလျောက် အဲဒီကာလအတွင်း အိန္ဒိယအစိုးရဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်ရအောင် အလျင်​အမြန် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

မကြာသေးခင်အချိန်အထိ အမေရိကန်ဟာ အိန္ဒိယရဲ့ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ခဲ့သလို ၂ နိုင်ငံကြား ကုန်သွယ်မှု တန်ဖိုးကလည်း ဒေါ်လာ ၁၉၀ ဘီလီယံအထိ ရှိခဲ့ပါတယ်။​

အိန္ဒိယဘက်က အမေရိကန်ထုတ် ကုန်စည်တချို့ကို အခွန်လျှော့ချပေးပြီး ဖြစ်ပေမဲ့လည်း ဝါရှင်တန်ရဲ့ ကုန်သွယ်ရေးလိုငွေပြမှုဟာ ဒေါ်လာ ၄၅ ဘီလီယံ ရှိနေသေးတာကြောင့် ထရမ့်ပ်က ဒါကို လျှော့ချလိုတာ ဖြစ်ပါတယ်။

အဲဒီနောက် အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ထရမ့်ပ် ကြားက သဘောတူညီချက်အရ ၂ နိုင်ငံ ကုန်သွယ်မှုကို ဒေါ်လာ ဘီလီယံ ၅၀၀ အထိ ၂ ဆကျော်တိုးမြှင့်ဖို့ ရည်မှန်းထားပါတယ်။

လွန်ခဲ့တဲ့အပတ်မှာ အိန္ဒိယနိုင်ငံက ဗြိတိန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက် တရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဥရောပသမဂ္ဂ (EU) နဲ့ပါ လွတ်လပ်စွာကုန်သွယ်ခွင့်ရဖို့ တွန်းအားပေးနေပါတယ်။

၁၆ နှစ် နီးပါးကြာ ညှိနှိုင်းခဲ့ရပြီးနောက် EU အဖွဲ့ဝင်မဟုတ်တဲ့ ဥရောပနိုင်ငံ ၄ ခုနဲ့ ဒေါ်လာဘီလီယံ ၁၀၀ ဖိုး လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက်ကို အိန္ဒိယက အပြီးသတ်နိုင်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013