DVB Logo
Home
မြန်မာသတင်း
အိုးတိန်တွင်းကျေးရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုကို ဩစတြေးလျ ရှုတ်ချ 
DVB
·
May 16, 2025
အိုးတိန်တွင်းကျေးရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုကို ဩစတြေးလျ ရှုတ်ချ 
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာက စာသင်ကျောင်းကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး များစွာစိုးရိမ်မိတယ်လို့  သြစတြေးလျနိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးရုံးက ဒီကနေ့ မေ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဩစတြေးလျနိုင်ငံအနေနဲ့ အဲဒီတိုက်ခိုက်မှုကို ရှုတ်ချထားပြီး စစ်တပ် အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံး ပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့နဲ့ စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ အပစ်အခတ်ရပ်စဲရေးကို လိုက်နာဖို့ စစ်အာဏာရှင် အဖွဲ့အစည်းကို တောင်းဆိုကြောင်း ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ မေ ၁၂ ရက် မနက် ၉ နာရီ ၃၆ မိနစ်ဝန်းကျင်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာရှိ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ် ကျောင်းသားကျောင်းသူ ၂၂ ယောက်၊ ဆရာမ ၂ ယောက်၊ စုစုပေါင်း ၂၄ ယောက် ထိခိုက် သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ပြည်သူ အယောက် ၁၀၀ ကျော် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးဝါးကုသနေရပါတယ်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုတွေကို ရပ်တန်ဖို့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့လည်း NUG အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013