DVB Logo
Home
မြန်မာသတင်း
ကျုံပျော် ခလရ ၃၆ တပ်ရင်းထဲ စက်တပ်လေထီးများ ပို့ထားပြီး ဧရာဝတီနှင့် ရခိုင်အစပ်ကို ဗုံးကြဲနေ
DVB
·
May 16, 2025
ကျုံပျော် ခလရ ၃၆ တပ်ရင်းထဲ စက်တပ်လေထီးများ ပို့ထားပြီး ဧရာဝတီနှင့် ရခိုင်အစပ်ကို ဗုံးကြဲနေ
Donate to DVB

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် အမှတ် ၃၆ ခြေလျင်တပ်ထဲမှာ Paramotor ခေါ် စက်တပ်လေထီးတွေကို စစ်ကောင်စီတပ်က ပို့ပေးထားပြီး ကျုံပျော် စစ်ကောင်စီတပ်က ရခိုင်နဲ့ ဧရာဝတီအစပ်က ဒေသတွေကို ဗုံးကြဲနေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ခလရ ၃၆ ထဲမှာ စက်ယန္တရား ၂ စီးနဲ့ စက်တပ်လေထီး ၁၆ စီးကို စစ်ကောင်စီက ပို့ထားတယ်လို့ ဆိုပါတယ်။

ကျုံပျော် ခလရ ၃၆ နဲ့ နီးစပ်သူက “ပထမ စက်တပ်လေထီး ၆ စီး ပို့ထားတာ၊ နောက် ၁၀ စီး ထပ်ပို့ထားတယ်။ ပထမပိုင်းမှာ အမောင်းသင်နေသလို ကျုံပျော်မြို့ပေါ်မှာ နေ့တိုင်းလိုလို ပျံဝဲတာတွေ လုပ်နေပြီး နောက်ပိုင်း ဧရာဝတီအစပ်က တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို ကျုံပျော်ကနေ ဗုံးသွားကြဲနေတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၇ ရက် ၈ ရက် ၉ ရက် ၁၀ ရက်လောက်ကဆိုရင် နေ့တိုင်းလိုလို လေးမျက်နှာ၊ ငါးသိုင်းချောင်းဘက်တွေကို ပျံတက်တာတွေ လုပ်နေပြီး ကင်းထောက်တာနဲ့ ကင်းပတ်တာကတော့ ကျုံပျော်မြို့မှာ အမြဲလုပ်တယ်၊ အဓိက ဧရာဝတီအစပ်က တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာတွေကို စစ်ကောင်စီတပ်က ကျုံပျော်မြို့မှာရှိတဲ့ ခလရ ၃၆ တပ်ရင်းထဲကနေ ဗုံးသွားကြဲနေတာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်က လေယာဥ်တွေအစား လေယာဥ်ဆီ အကုန်ကျသက်သာအောင် စက်တပ်လေထီးတွေကို အစားထိုး အသုံးပြုလာနေတာဖြစ်ပြီး စက်တပ်လေးထီးတစီးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် မောင်းရပါတယ်။

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား လက်နတ်ကိုင်ဒေသတွေနဲ့ တော်လှန်ရေးအင်အားစုတွေရှိတဲ့ ဒေသတွေမှာ စက်တပ်လေထီးကို အသုံးပြုပြီး ဗုံးကြဲတာတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013