
နေပြည်တော်၊ ပျဉ်းမနားမှာ မေ ၁၄ ရက် မနက်အစောပိုင်းက လှုပ်ခဲ့တဲ့ ငလျင်ကြောင့် ပေါစံခေါကျေးရွာရှိ ရွာဦးကျောင်းတံခွန်တိုင် ပြိုလဲကျခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပျဉ်းမနားမြို့ခံတယောက်က “အင်အားပြင်း ငလျင်လှုပ်ခတ်မှုအပြီး ထပ်လှုပ်တဲ့ ငလျင်တွေထဲမှာ မနေ့က ငလျင်က အဆိုးဆုံးပဲ။ ဒီဘက်မှာဆို ပျဥ်းမနားက ငလျင်ကြီးဒဏ်အကြီးအကျယ်ခံခဲ့ရတာ။ အိမ်တွေ နေရာတကျတောင် ပြန်မလုပ်နိုင်သေးဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် နေပြည်တော် ပျဥ်းမနားမှာ လူနေအိမ်တွေ အများအပြား ပျက်စီးခဲ့တာအပြင် လူအယောက် ၃၀ ထက်မနည်း သေဆုံးခဲ့ရပြီး ဒီနေ့အထိ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်အပါအဝင် မေ ၁၄ ရက်အထိ နောက် ဆက်တွဲ ငလျင်လှုပ်ခတ်မှု စုစုပေါင်း ၁၇၃ ကြိမ်ရှိပြီလို့ သိရပါတယ်။
Photo: May