DVB Logo
Home
နိုင်ငံတကာ
အမေရိကန် ထပ်ဆောင်းခွန်က ကုန်သွယ်ရေးအပေါ် သက်ရောက်မည်ဟု APEC သတိပေး
DVB
·
May 15, 2025
အမေရိကန် ထပ်ဆောင်းခွန်က ကုန်သွယ်ရေးအပေါ် သက်ရောက်မည်ဟု APEC သတိပေး
Donate to DVB

အမေရိကန်ရဲ့ ထပ်ဆောင်းခွန်တွေအကြား ဒီနှစ်ထဲမှာ ဒေသတွင်း တင်ပို့ကုန်တွေ တိုးလာမယ်လို့ အဖွဲ့ဝင် ၂၁ ယောက်ပါတဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ကုန်သွယ်ရေးဝန်ကြီးတွေက နှစ်ပတ်လည် အစည်းအဝေး စတင်ချိန် မေ ၁၅ ရက်မှာ သတိပေးလိုက်ပါတယ်။

ဒေသတွင်း တင်ပို့ကုန်ဟာ မနှစ်က ၅ ဒသမ ၇ ရာခိုင်နှုန်း တိုးလာပြီးတဲ့နောက် အခုနှစ်မှာ ၀ ဒသမ ၄ ရာခိုင်နှုန်းသာ တိုးလာမယ်လို့ APEC က ခန့်မှန်းထားပါတယ်။

၂၀၂၅ ခုနှစ် တောင်ကိုရီးယား အပန်းဖြေကျွန်း ဂျဲဂျုမှာ ကျင်းပတဲ့ ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ ဒေသတွင်း လမ်းကြောင်း ဆန်းစစ်ချက် အစီရင်ခံစာကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

APEC အစုအဖွဲ့ဟာ အခုနှစ်အတွက် ဒေသတွင်း စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို အရင်က ခန့်မှန်းချက် ၃ ဒသမ ၃ ရာခိုင်နှုန်းကနေ အခု ၂ ဒသမ ၆ ရာခိုင်နှုန်းဆီ လျှော့ချခဲ့ပါတယ်။

APEC စီးပွားရေးဖိုရမ်ကို စတင်တည်ထောင်ချိန် ၁၉၈၉ ခုနှစ်က ဒေသတွင်း ပျမ်းမျှ အကောက်ခွန်နှုန်းထားတွေဟာ ၁၇ ရာခိုင်နှုန်း ရှိရာက ၂၀၂၁ ခုနှစ်မှာ ၅ ဒသမ ၃ ရာခိုင်နှုန်းဆီ ကျဆင်းသွားခဲ့တာပါ။

APEC အဖွဲ့ရဲ့ ထက်ဝက်ကျော်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရက ပစ်မှတ်ထားပြီး စည်းကြပ်ခွန် ကောက်ခံခဲ့ပြီး ဒီကာလအတွင်း ကုန်သွယ်မှုပမာဏ ၉ ဆကျော် တိုးမြင့်လာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013