
ရင်းနှီးမြှုပ်နှံမှုတွေ အတားအဆီးမရှိဘဲ လွတ်လပ်ပြီး ပွင့်လင်းတဲ့ ကုန်သွယ်မှုရှိဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုဝင်ဘာ ၁၈ ရက် ဒီကနေ့ကျင်းပတဲ့ APEC ထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ တိုက်တွန်းလိုက်ပါတယ်။
“ကမ္ဘာ့ကုန်သွယ်မှု အဖွဲ့အစည်းကို ဗဟိုထားပြီး ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ်ကို ကျနော်တို့ သေချာလိုက်နာရမှာပါ။ ရင်းနှီးမြှုပ်နှံမှုနဲ့ လွတ်လပ်ပြီး၊ ပွင့်လင်းတဲ့ ကုန်သွယ်မှုရှိဖို့ ထောက်ပံ့ ရမှာပါ။ ကမ္ဘာ့လုံးဆိုင်ရာ စက်ရုံလုပ်ငန်းတွေနဲ့ ထောက်ပံ့ရေး ဆိုင်ရာတွေလည်း တည်ငြိမ်ပြီး လွယ်ကူချောမွေ့စေဖို့ လုပ်ဆောင်ရမှာပါ”လို့ ရှီက ပြောပါတယ်။
ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ အာရှပစိဖိတ်ဒေသက ဘယ်လိုတုံ့ပြန်မှုတွေ လုပ်သင့်လဲဆိုတဲ့ မေးခွန်းတွေ မေးမြန်းပြီးနောက် ရှီက အခုလို ပြောခဲ့တာပါ။
အမေရိကန်က Nvidia ချပ်စ်ပြားတွေလိုမျိုး အဆင့်မြင့် AI ချစ်ပ်တွေကို တရုတ်ကို တင်ပို့မှု ကန့်သတ်ကြောင်း ကြေညာခဲ့ပြီးနောက် ရှီရဲ့ အခုလို တိုက်တွန်း ချက်ထွက်လာတာလည်း ဖြစ်ပါတယ်။
အမေရိကန်ရဲ့ AI ချစ်ပ်ကန့်သတ်မှုက တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးကို ပိုပြီး ရှုပ်ထွေးလာနိင်ကြောင်း ရိုက်တာက ဖော်ပြပါတယ်။
တရုတ်နိုင်ငံကတော့ ဒီလို ပိတ်ဆို့မှုကို လက်တုံ့ပြန် မယ်လို့ ကတိပြုထားပါတယ်။ ရှီဟာ APEC ထိပ်သီးအစည်းအဝေးပွဲမှာ ရုရှားသမ္မတ ပူတင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
ပူတင်ဟာ မနေ့က ၂ နိုင်ငံတွေ့ဆုံမှုမှာ ရုရှား-တရုတ် နိုင်ငံခြားရေးမူဝါဒ မိတ်ဖက်က တည်တည်ငြိမ်ငြိမ်ရှိကြောင်း ရှီကို ပြောခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters











