DVB Logo
Home
မြန်မာသတင်း
အင်းတော်ကြီးဒေသကို စစ်ကောင်စီတပ် ထိုးစစ်ဆင်
DVB
·
May 15, 2025
အင်းတော်ကြီးဒေသကို စစ်ကောင်စီတပ် ထိုးစစ်ဆင်
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထဲက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားတဲ့ အင်းတော်ကြီးဒေသက ဆနွင်းကုန်း၊ အင်းသာဘက်ကို မေ ၁၄ ရက် မနက်ပိုင်းက စတင်ပြီး အင်အား ၄၀၀ လောက်နဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ အင်းတော်ဒေသက KPDF တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

“သူတို့ (စကစ) ထိုးချင်တာကနေ ဟိုအရင်နေ့ ညပိုင်းကတည်းက ထိုးချင်တာဟုတ်တယ်။ အဲမှာ မိုင်းထိပြီးတော့ သူတို့ ပြန်ဆုတ်သွားတာရှိတယ်။ နောက်ရက် မနက် (မေ ၁၄) မှာ ပြန်ထိုးလာပြီးတော့ အထိနာသွားတာရှိတယ် ပြန်ဆုတ်သွားတာ၊ အယောက် ၄၀၀ လောက်နဲ့ ထိုးလာတာ။”

စစ်ကောင်စီဘက်က ဆနွင်းကုန်း၊ အင်းသာဘက်ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားတာ ၃ ကြိမ်အထိ ရှိလာပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ KPDF တပ်ဖွဲ့တွေကလည်း အခုတကြိမ် ထိုးစစ်ကို ခုခံနေဆဲလို့ သိရပါတယ်။

မေ ၁၅ ရက် ညနေပိုင်းမှာလည်း စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာတွေ ရှိသလို ထိုးစစ်ဆင် တိုက်ခိုက်ရာမှာလည်း ဒရုန်းအသုံးပြု တိုက်ခိုက် နေတယ်လို့ သိရပါတယ်။

မေ ၁၄ နဲ့ ၁၅ ရက် တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာတွေ ရှိနေပြီး လူဦးရေ အတိအကျကိုတော့ မသိရဘူးလို့ ပြောပါတယ်။

စစ်ကောင်စီဘက်က လဝါးလမ်းဆုံကနေတဆင့် ဖားကန့်ဒေသကိုလည်း စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပြီးတော့ ဖားကန့်အဝင် နမ့်ယားဘက်မှာလည်း ထိခိုက်မှုတွေ ရှိနေတာကြောင့် ရှေ့ဆက် စစ်ကြောင်းထိုးဖို့ အဟန့်အတားတွေဖြစ်လာလို့ အင်းတော်ကြီးဒေသဘက်ကို ပြန်ပြီး စစ်ရေးလှုပ်ရှားတဲ့ အခြေအနေတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ဆနွင်းကုန်း၊ အင်းသာ တဖက်က စစ်ကောင်စီနဲ့ SNA တပ်စခန်းတွေရှိနေတဲ့ နမ့်မွမ်းဘက်ခြမ်းကနေ ထိုးစစ်ဆင်လာတာလို့ သိရပါတယ်။

ဆနွင်းကုန်းနဲ့ အင်းသာကျေးရွာက ပြည်သူတွေလည်း စစ်ကောင်စီဘက် ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့ အရင်လတွေထဲက လုံခြုံတဲ့ ကျေးရွာတွေကို ရွှေ့ပြောင်းပြီး နေထိုင်နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဆနွင်းကုန်း၊ အင်းသာဘက်ကို ဧပြီလကုန်းပိုင်းက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး အပြင်းအထန် ပစ်ခတ်မှုတွေ ပြုလုပ်ပြီး မြေပြင်ထိုးစစ်တွေ ပြုလုပ်ခဲ့ပြီးတော့ ပြန်လည်ဆုတ်ခွာသွားရာကနေ အခု မေလလယ်မှာ ပြန်လည်ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013