
အနောက်အာဖရိကဒေသ ဘာကီနာဖာဆိုနိုင်ငံ မြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတခုကို တိုက်ခိုက်မှုအတွင်း စစ်သားအများအပြား သေဆုံးခဲ့ပြီး တောင်ပိုင်းက သီးခြားတိုက်ခိုက်မှု တခုကြောင့် အရပ်သား ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်တွေက မေ ၁၂ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောကြားပြီး စစ်အစိုးရ ဦးဆောင်တဲ့ တိုင်းပြည်မှာ မလုံခြုံမှုတွေ တိုးလာနေတာကို မီးမောင်းထိုးပြခဲ့ပါတယ်။
တနင်္ဂနွေနေ့ မနက်ပိုင်းက ဂျီဘိုမြို့ရှိ စစ်တပ်အခြေစိုက်စခန်း တိုက်ခိုက်ခံခဲ့ရပြီး ရဲစခန်းနဲ့ ဈေးကိုလည်း ပစ်မှတ်ထားခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ် ၂ ခုက ပြောပါတယ်။
လူမှုမီဒီယာ ဗီဒီယိုတွေမှာ အဆောက်အအုံတွေကနေ မီးခိုးတွေ တက်လာတာကို စစ်သွေးကြွတွေက မော်တော်ဆိုင်ကယ်တွေပေါ်ကနေ လှမ်းကြည့်နေကြတာကို မြင်တွေ့ရပါတယ်။
တနင်္လာနေ့အထိ ထိခိုက်သူတွေစာရင်းကို ကျယ်ကျယ်ပြန့်ပြန့် ကောက်ခံနိုင်ခြင်း မရှိပေမဲ့ သေဆုံးသူတွေထဲမှာ စစ်သားတွေ၊ အစိုးရလိုလားတဲ့ ပြည်သူ့စစ်တွေနဲ့ အရပ်သားတွေလည်း ပါဝင်နေကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
Source: Reuters