DVB Logo
Home
နိုင်ငံတကာ
ဂျာမနီတွင် လက်ယာအစွန်းရောက် အဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီး
DVB
·
May 15, 2025
ဂျာမနီတွင် လက်ယာအစွန်းရောက် အဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီး
Donate to DVB

ဂျာမန်ရဲတပ်ဖွဲ့ဟာ ခေတ်မီဂျာမနီနိုင်ငံကို အစားထိုးဖို့ ကြိုးပမ်းနေတဲ့ အစွန်းရောက်အဖွဲ့တဖွဲ့က အဖွဲ့ဝင် ၄ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးနဲ့ အစိုးရရှေ့နေတွေက မေ ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဒါဟာ ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုတခု ဖြစ်လာနိုင်ကြောင်း သတိပြုမိထားကြတဲ့ လက်ယာစွန်း လှုပ်ရှားမှုကို တိုက်ဖျက်တဲ့ နောက်ဆုံးစစ်ဆင်ရေးလို့ ဆိုပါတယ်။

အစိုးရရှေ့နေတွေ အဆိုအရ ရိုက်စ်ဘူရ်ဂါ (ရိုင်းနိုင်ငံသားများ လှုပ်ရှားမှုအဖွဲ့) လို့ လူသိများတဲ့ လက်ယာစွန်းအယူဝါဒနဲ့အညီ နိုင်ငံတော်သစ်အတွက် အရိပ်အဖွဲ့အစည်းတွေကို ထူထောင်ထားတယ်ဆိုတဲ့ ကိုးနစ််ဂရိုင် ဒွိုက်ချ်လန်း ခေါ် ဂျာမနီနိုင်ငံတော်အဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနက တားမြစ်လိုက်ပြီးနောက်မှာ စီးနင်းမှု လုပ်ခဲ့တာလို့ သိရပါတယ်။

ဂျာမန်အဓိပတိ ဖရီးဒရစ်ချ်မားဇ်ကတော့ (ရိုင်းနိုင်ငံသားများ) အဖွဲ့အစည်းဟာ နာမည်ကကို ကြားလိုက်ရုံနဲ့ အတိတ်က ဘုရင်စနစ်ကို လွမ်းဆွတ်နေသူတွေပဲလို့ ရိုးရိုးရှင်းရှင်း သဘောထားလို့မရဘဲ အန္တရာယ်ရှိနေတာ သိသာကြောင်း၊ ဒါပေမဲ့ ရာဇ၀တ်မှုဆိုင်ရာ ဖွဲ့စည်းပုံတွေနဲ့ ရာဇ၀တ်မှုကွန်ရက်တွေနဲ့ ချိတ်ဆက်နေလို့ ပိတ်ပင်လိုက်တာဖြစ်ကြောင်း ပြောကြားပါတယ်။

အခုထိ လက်နက်တွေ သိသိသာသာ မဖမ်းမိသေးပေမဲ့ (ရိုင်းနိုင်ငံသားများ) အဖွဲ့အစည်းဟာ သေနတ်ပစ်ကျွမ်းသူတွေဖြစ်ကြောင်းနဲ့ ဒီလို စစ်ဆင်ရေးတွေအတွင်း ဘာတွေဖြစ်လာနိုင်တယ် ဆိုတာ သေချာမသိဘူးလို့လည်း ဆိုပါတယ်။

ဖမ်းဆီးခံရသူ ၄ ယောက်ထဲက တယောက်ဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာပိုင်ရှင်ဖြစ်တယ် လို့ ကိုယ်တိုင် ကြေညာခဲ့ကြောင်း အစိုးရရှေ့နေတွေက ပြောကြားခဲ့ပါတယ်။

အဲဒီအဖွဲ့ဝင်ထဲက တယောက်ဟာ သူ့ရဲ့နေအိမ်ကို ဝင်ရောက်စီးနင်းမှုအတွင်း ရဲသားတယောက်ကို ပစ်သတ်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ ဂျာမနီပြည်တွင်း ထောက်လှမ်းရေးဌာနဟာ ရိုက်စ်ဘူရ်ဂါ လှုပ်ရှားမှုကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ လက်နက်ကိုင် အာဏာသိမ်းဖို့ ကြံစည်နေကြတဲ့ သူတို့ရဲ့ အဆင့်မြင့် အစီအစဉ်တွေ ပျက်ပြားသွားစေခဲ့ပြီးနောက်မှာ အာဏာပိုင်တွေဟာ ခေတ်မီ ဂျာမန်နိုင်ငံတော်အဖွဲ့ကို ပိုပြီး ပြင်းပြင်းထန်ထန် စိစစ်ခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013