DVB Logo
Home
မြန်မာသတင်း
လုပ်ခလစာတိုးမြှင့်ရေး ချန်းရီဖိနပ်စက်ရုံက အလုပ်သမား ၆၀၀၀ ကျော်ဆန္ဒပြ
DVB
·
May 15, 2025
လုပ်ခလစာတိုးမြှင့်ရေး ချန်းရီဖိနပ်စက်ရုံက အလုပ်သမား ၆၀၀၀ ကျော်ဆန္ဒပြ
1 / 2
Donate to DVB

အခြေခံလစာ တရက် လုပ်အားခ အပါအဝင် လုပ်ခ လစာတိုးမြှင့်ပေးဖို့ ရန်ကုန်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အနော်ရထာစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာရှိတဲ့ ချန်းရီ ဖိနပ်စက်ရုံ အလုပ်သမား ၆၀၀၀ ကျော်က မေ ၁၄ ရက်မှာ  ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ချန်းရီဖိနပ်စက်ရုံမှာ မနေ့က ထမင်းစားချိန်ကစပြီး ညနေ ၃ နာရီအထိ အလုပ်သမားတွေက အလုပ်မလုပ်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့တာလို့ အဆိုပါစက်ရုံက အလုပ်သမား တယောက်က ပြောပါတယ်။

“ဆန္ဒပြတောင်းဆိုတာ အချက် ၄ ချက် ရက်မှန်ကြေး၊ အချိန်ပိုကြေး၊ တရက်လုပ်ခ လုပ်သက် ဆုကြေးတွေ ဆန္ဒပြနေရင်း ညနေရောက်တော့ စက်ရုံဘက်က ၅ ရက်အတွင်း ပြေလည်အောင် ဖြေရှင်းပေးမယ်ဆိုလို့ သဘောတူလိုက်ကြတယ်။ ၅ ရက်အတွင်း မဖြေရှင်းပေးရင် ဆန္ဒထပ်ပြမှာ။” 

အလုပ်သမားတွေ တောင်းဆိုတဲ့အချက်တွေက တရက်လုပ်ခ ကျပ် ၇၂၀၀ ကနေ ကျပ် ၁၂၀၀၀ ပေးဖို့၊ တနာရီကို ကျပ် ၁၆၅၀ ပေးတာကနေ ကျပ်  ၂၀၀၀ ပေးရန်၊ ရက်မှန်ကြေး ၂၀၀၀၀ ကနေ ၄၀၀၀၀ ပေးဖို့၊ လုပ်သက် ၅ နှစ်ရှိတဲ့ ဝန်ထမ်းတွေကို ကျပ် ၂၀,၀၀၀  တိုးပေးတာကနေ ထပ်တိုးပေးဖို့ စတဲ့အချက်တွေ ဖြစ်ပါတယ်။

စက်ရုံပိုင်ရှင်ဘက်က ပြေလည်အောင် ညှိနှိုင်းပေးမယ်လို့ ပြောဆိုပြီး လူစုခွဲခဲ့ပေမဲ့ ဆန္ဒပြ အလုပ်သမားခေါင်းဆောင်တွေကို ဖမ်းဆီးစစ်ဆေးမှာ စိုးရိမ်ရတယ်လို့ အလုပ်သမား တယောက်က ထပ်ပြောပါတယ်။

“စက်ရုံတွေမှာ အခုလိုကိစ္စတွေဖြစ်ရင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ၃ ပွင့်ဆိုင်ရှင်းတာ နည်းတယ်။ အခွင့်အရေးတောင်းဆိုတဲ့ အလုပ်သမားတွေ ခေတ္တခဏငြိမ်အောင် ပြောမယ်၊ ဦးဆောင်တဲ့သူကို ရှာမယ်၊ ပြီးရင် ဖမ်းတာတို့ တရားစွဲတာတို့ လုပ်ရော အဲဒါကို စိတ်ပူတာ။” 

အနော်ရထာစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်းမှာ ဖွင့်ထားတဲ့ ချန်းရီ Tsang Yih ဖိနပ်စက်ရုံဟာ ထိုင်ဝမ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အလုပ်သမား အမျိုးသား၊ အမျိုးသမီးဝန်ထမ်း ၆၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ စက်ရုံလည်း ဖြစ်ပါတယ်။

မေ ၅ ရက်ကလည်း လှိုင်သာယာအနောက်ပိုင်းမြို့နယ် အလယ်ကျေးရွာ ငွေပင်လယ်စက်မှုဇုန်ရှိ Myanmar Jiale Fashion-2 အထည်ချုပ်မှာ အလုပ်သမားတွေကို လုပ်ခလစာ ထုတ်မပေးလို့ အလုပ်သမားထောင်နဲ့ချီကာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013