
ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် FX Trading Platform ကတဆင့် အမေရိကန်ဒေါ်လာ ၂၃ သန်းကျော်နဲ့ ထိုင်းဘတ် သန်း ၅၀ ကို ထုတ်ရောင်းချပေးမှာဖြစ်ကြောင်း မေ ၁၃ ရက်နေ့မှာ ထပ်မံကြေညာပါတယ်။
ထုတ်ရောင်းမယ့် ငွေပမာဏအတွက် ရောင်းချမယ့် နေ့ရက်နဲ့ ငွေလဲနှုန်းကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
အခုမေလအတွင်း ကြေညာချက်နှစ်ကြိမ်ထုတ်ပြန်ထားပြီး ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ကလည်း စက်သုံးဆီလုပ်ငန်းတွေအတွက် ဒေါ်လာ ၃၃ သန်းနဲ့ ဘတ် သန်း ၂၀၀ ကို ရောင်းချပေးမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ကြေညာခဲ့ပါတယ်။
လက်ရှိမှာတော့ ပြည်တွင်း မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းက ၄၄၀၀ ကျပ်၊ ထိုင်းဘတ်ငွေက ၁၃၃ ကျပ် ဝန်းကျင်ရှိပြီး အမေရိကန်ဒေါ်လာက လေးလအတွင်း ကျပ် ၄၀၀ ထိ ဈေးပြန်ကျဆင်းခဲ့ပါတယ်။