DVB Logo
Home
မြန်မာသတင်း
မိုးကုတ်တွင် TNLA ဖမ်းဆီးသွားသည့် အမျိုးသား ၁ ဦး သေဆုံး
DVB
·
May 14, 2025
မိုးကုတ်တွင် TNLA ဖမ်းဆီးသွားသည့် အမျိုးသား ၁ ဦး သေဆုံး
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အမျိုးသားတယောက်ကို  TNLA ရဲတပ်ဖွဲ့က အော်ဟစ်ဆဲဆိုမှုနဲ့ မေ ၈ ရက် ညနေပိုင်းမှာ ရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီး မေ ၁၁ ရက်မှာ သေဆုံးသွားကြောင်း မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မင်းတံတားရပ်ကွက်နေ  ကိုဇော်မင်းထွန်း (ခ) ကိုဇော်ဇော်ကို မေ ၈ ရက် ညနေ ၄ နာရီမှာ TNLA ရဲဌာန ယူနီဖောင်းဝတ်ထားသူတွေက ရိုက်နှက်ဖမ်းဆီးသွားတာလို့ ဖြစ်စဥ်သိရှိသူ မိသားစုဝင်တယောက်က ပြောပါတယ်။

“သူက ညနေဘက်မှာ သူ့လမ်းကိစ္စ၊ မြေကိစ္စတွေကို ဥက္ကဋ္ဌတွေက မလုပ်ပေးဘူးဆိုပြီး အော်ဟစ်လိုက်တာ၊ ၈ ရက်နေ့ ညနေပိုင်းကျတော့ ယူနီဖောင်းအပြာဝတ်တွေလာပြီး ရိုက်နှက် ဖမ်းဆီးသွားတယ်၊ မိသားစုက မသိရဘူး။ နောက်တရက် ၉ ရက်နေ့ ၁၂ နာရီမှ ပတ်ဝန်းကျင်က ပြောလို့ သိရပြီး လိုက်သွားတော့ ပေးမတွေ့ဘူးလို့ကြားတယ်။”

ကိုဇော်မင်းထွန်းကို ဖမ်းဆီးသွားတာကို မိသားစုက မသိရဘဲ မေ ၉ ရက် ၁၂ နာရီမှ မိုးကုတ်မြို့ မြို့လယ်ရပ်ကွက် အချုပ်ထောင်မှာ ဖမ်းဆီးထားတယ်ဆိုတာကို သိခဲ့ရတယ်လို့ ပြောပါတယ်။

ဖြစ်စဥ်သိရှိသူ ဒေသခံတယောက်က “နေ့တိုင်း ထမင်းပို့တယ်၊ တွေ့ခွင့်တောင်းတယ်၊ ၆ လပိုင်းမှာ ပြန်လွှတ်ပေးမယ်ပြောတယ်၊ ၁၁ ရက်နေ့ကျတော့ သူ့အမျိုးသမီးက ထောင်မှာ လူသေတယ်ကြားလို့ သွားမေးတော့ ဆုံးပြီလို့ ပြောလာတယ်။ အလောင်းမှာလည်း မျက်နှာတခုလုံး ညိုမည်းနေတယ်၊ နှာခေါင်းရိုးလည်း ကျိုးနေတယ်၊ မျက်နှာကိုပဲ မြင်ရတယ်၊ ခန္ဓာကိုယ်ကို ပလတ်စတစ်နဲ့ ပတ်ထားပြီး ဖွင့်မကြည့်ခိုင်းဘူး” လို့ ပြောပါတယ်။

သေဆုံးသူရဲ့ အလောင်းကိုလည်း သင်္ဂြိုဟ်စရိတ် ကုန်ကျမှုများတာကြောင့် TNLA ဘက်ကပဲ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆွေမျိုးတော်စပ်သူတယောက်က “ကျမတို့မှာ ပြန်ပြောစရာ အားကိုးစရာလည်း မရှိလို့ ဒီတိုင်း ငိုပြီးပြန်လာခဲ့ရတယ်” လို့ ပြောပါတယ်။

ကိုဇော်မင်းထွန်းကို TNLA က စတင်ဖမ်းဆီးချိန်မှာလည်း မိသားစုက သိရှိခွင့်မရှိသလို သေဆုံးချိန်မှာလည်း အအေးမိရောဂါနဲ့တက်ပြီး သေဆုံးတယ်လို့ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ မလွေးယေးဦးက “ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ကျမဆီ သတင်းတက်လာတာ မရှိသေးဘူး၊ သေချာပြန်စုံစမ်းပါမယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013